ဂျူဗီအသင်းကိုဒီနှစ်မှပြောင်းလာပြီးခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ အသင်း သစ် နဲ့ ဖလားကိုင်ပြီးနှစ်သစ်ကိုကံကောင်းခြင်းတွေရခဲ့ပါပြီ။ မနေ့ ညက ကစား သွားခဲ့ တဲ့ စူပါ ကိုပါ အီတလီယာ ဖလား ( အီတလီ စူပါ ဖလား ) ပွဲ မှာ အေစီ မီလန် အသင်း ကို ၁ – ၀ ဖြင့် အနိုင် ရရှိ ပြီး ဖလား ရယူခဲ့ တာပဲ ဖြစ် ပါတယ် ။ အသင်းရဲ့လိုအပ်နေတဲ့အနိုင်ဂိုးတွေကိုသွင်းယူပေးနေတဲ့ရိုနယ်ဒို ဟာာမနေ့ကလည်း တစ်လုံး တည်းသော အနိုင် ဂိုး ကို ၆၁ မိနစ် မှာ ခေါင်းတိုက် သွင်းယူပေးခဲ့လိုက်ပြန်ပါပြီ။

အသင်းရဲ့ကယ်တင်ရှင်ဟီးရိုးကြီးလို့တင်စားခံနေရတဲ့ ရော်နယ်ဒိုကတော့ နှစ်သစ်မှာဆုဖလားနဲ့တူတူ အံ့သြစရာအကောင်းဆုံးမှတ်တမ်းတစ်ခုကိုပါပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဒီ ဖလား ဟာ ရိုနယ်ဒို အတွက် တော့ ကစား သမား ဘ၀ ရရှိ ခဲ့တဲ့ ၂၆ ခု မြောက် ဖလား ဖြစ် ခဲ့ ပါတယ်။ရော်နယ်ဒိုဟာသူစကစားတဲ့အသင်းမှာတည်းကပြောင်းရွေ့ခဲ့တဲ့ အသင်းတွေမှာလည်းဖလားတွေဆွတ်ခူးနိုင်တဲ့ကစားသမားဖြစ်ခဲ့ရတာပါ။ရိုနယ်ဒို ဟာသူ့ရဲ့ကစားသမားဘဝအစ စပို့တင်း နဲ့ ဖလား ၁ ကြိမ် ၊ မန်ချက် စတာ ယူနိုက်တတ် မှာ ၉ ကြိမ် နဲ့ ရီးရဲ မက်ဒရစ် မှာ ၁၅ ကြိမ် ရယူထား နိုင် ခဲ့ပြီး အီတလီ မြေမှာ တော့ စူပါ ဖလား နဲ့ အစပြု နိုင်ခဲ့ပြီးအောင်မြင်မှုလမ်းကြောင်းကိုစတင်ခဲ့ပါပြီ။

ရော်နယ်ဒိုကတော့ ဂျူဗီအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ရှုံးပွဲမရှိအောင်စွမ်းဆောင်ပေးနိုင်တဲ့သူလည်းဖြစ်ပါတယ်။အပြောင်းအရွေ့ရာသီမှာ ရီးရဲအသင်းကိုပြောင်းရွေ့ဖို့သတင်းတွေထွက်နေပေမယ့် ခုမှာတော့ဒိုလေးက ဂျူဗီမှာဆုဖလားတွေနဲ့ပျော်နေတာဖြစ်ပါတယ်။အသက်အရွယ်ရလာပေမယ့်ယနေ့ထိတိုင်ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ရော်နယ်ဒို စံချိန်သစ်တွေနဲ့ဖလားတွေသိမ်းပိုက်ဦးမလားဆိုတာတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:FOX Soccer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။