အဆိုတော်၊သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ရွှေထူးကတော့ သူရဲ့သီချင်းကောင်းလေးတွေနဲ့ နားဆင်သူတွေရဲ့ နှလုံးသားမှာ အပြည့်အ၀ နေရာယူထားနိုင်သူ ဖြစ်ပါတယ်။ ရွှေထူးရဲ့သီချင်းလေးတွေကလည်း ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ အမြဲရေပန်းစားနေသလို မကြာသေးခင်ကလည်း City FM က ချီးမြှင့်တဲ့ ၂၀၁၈ တစ်နှစ်တာအတွင်း ပရိသတ်တောင်းဆိုမှုအများဆုံး အမျိုးသားအဆိုတော်ဆုကို ရွှေထူးက ဆွတ်ခူးရရှိခဲ့ပါတယ်။

အခုဆိုရင် ရွှေထူးက သူချစ်ရတဲ့ ဇနီးချောလေး ရွှေမှုန်ရတီနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေထူးက တေးသီချင်းအသစ်တွေ ဖန်တီးနေသလို ရှိုးပွဲတွေမှာလည်း သီဆိုဖျော်ဖြေနေရပါတယ်။ အခုလည်း ရွှေထူးက ပရိသတ်တွေကို သူရဲ့အမိုက်စားအကဗီဒီယိုဖိုင်လေးနဲ့ Dance with Refresh ဆိုတဲ့ Challenge လေးတစ်ခုခေါ်လိုက်တာ တွေ့ရပါတယ်။

ဒီအကဗီဒီယိုဖိုင်လေးကိုတော့ ရွှေထူးက " ကလန်ကလားကိုတော့ သည်းခံကြည့်ပေးပါ " ဆိုပြီး တင်ပေးထားတာ ဖြစ်ပါတယ်။ ခေတ်ပေါ်အကတွေကို မြူးမြူးကြွကြွ သံစဉ်တွေနဲ့ လိုက်ဖက်ညီအောင် အလန်းစားကပြထားတဲ့ ရွှေထူးကတော့ ပထမဆုံးအနေနဲ့ သူရဲ့အကစွမ်းရည်တွေကို ထုတ်ပြလိုက်တာ တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ရွှေထူးရဲ့အကဗီဒီယိုလေးက ခဏလေးအတွင်းမှာတင် ကြည့်ရှုသူအများအပြား ရရှိခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးကိုယ်တိုင် အမိုက်စားကပြစိန်ခေါ်ထားတဲ့ Challenge အကဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Htoo Khant;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။