မြန်မာဘောလုံးပရိသတ်တွေမထင်မှတ်ထားတဲ့အပြောင်းလဲကြီးတစ်ခုကိုဘောလုံးအဖွဲ့ချုပ်က နေမနေ့ကသတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြော်ငြာခဲ့ပါတယ်။ပရိသတ်တွေအံ့သြသွားစေတာကတော့စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွေနဲ့မကြာသေးခင်ကကျင်းပခဲ့တဲ့ဗီယက်နမ်ဖိတ်ခေါ် ဖလားပြိုင်ပွဲတွေမှာ ဒုတိယဆုတွေရယူပေးနိုင်ခဲ့တာနည်းပြဦးကြည်လွင်ကိုထုတ်ပယ်ပြီးနိုင်ငံခြားသားနည်းပြတစ်ဦးကိုခန့်အပ်ခဲ့တာပါ။

အာရှ ဘောလုံးအဖွဲ့ချူပ် ပြိုင်ပွဲတွေမှာ ပရိုလိုင်စင်၊ (A) လိုင်စင် နည်းပြတွေကိုပဲ လက်ရွေးစင် အသင်းနဲ့ ယူ-၂၃ လက်ရွေးစင် အသင်းတွေကို ကိုင်တွယ်ခွင့်ရှိတာကြောင့်နည်းပြဦးကြည်လွင်ကိုထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ဦးကြည်လွင်ကတော့ (B)လိုင်စင်တာရှိတာကြောင့်ဖြစ်ပါတယ်။မြန်မာယူ၂၃အသင်းကိုကိုင်တွယ်မယ့်နိုင်ငံခြားသားနည်းပြကတော့ ဘူလ်ဂေးရီးယား နည်းပြ ဗီလီဇာ ပိုပေါ့ကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။အသက် (၄၂)နှစ်အရွယ် UEFA Pro လိုင်စင်ရ နည်းပြ ပိုပေါ့သည် ဘူလ်ဂေးရီးယား၊ မော်လ်ဒိုဗာ၊ မော်လဒိုက်စ်၊ အိုမန်၊ ထိုင်း၊ မလေးရှား စသည့်နိုင်ငံများတွင် နည်းပြအဖြစ် ကျင်လည်ခဲ့သူ ဖြစ်သည်။

အာရှအသင်းတွေကိုရင်းနှီးတာကြောင့် မြန်မာအသင်းကိုရောအကောင်းဆုံးစွမ်းဆောင်မှုတွေပေးနိုင်မလားဆိုတာကတော့ပရိသတ်တွေ စိတ်ဝင်စားနေကြတာပါ။သူကိုင်တွယ်ခဲ့တဲ့အသင်းတွေမှာလည်းဆုဖလားတွေယူဆောင်ပေးနိုင်တာကြောင့်မြန်မာဘောလုံးပရိသတ်တွေ အတွက်တော့သတင်းကောင်းပဲဖြစ်ပါတယ်။မြန်မာယူ၂၃အသင်းဟာအနီးကပ်ဆုံးအနေနဲ့ဖေဖော်ဝါရီလမှာအာစီယံချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရမှာကြောင့်ပရိသတ်တွေသူ့ရဲ့ရလဒ်တွေကိုမကြာခင်တွေ့ရတော့မှာဖြစ်ပါတယ်။ပရိသတ်တွေစိတ်ဝင်စားနေတဲ့သူ့ရဲ့အောင်မြင်မှုပုံရိပ်တွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

PHOTO:google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။