ပရိသတ်ကြီးရေ.. ထိုင်းနိုင်ငံရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသားမင်းသမီးတွေ သရုပ်ဆောင်ရိုက်ကူးထားတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဖြူဖြူကျော်သိန်းကတော့ မြန်မာအဆိုတော်တစ်ယောက် အနေနဲ့ ပါဝင်ထားတယ်လို့ သိရပါတယ်..။

Friend Zone လို့ အမည်ပေးထားတဲ့ အဲ့ဒီ်ဇာတ်ကားကတော့ လတ်တလော ထိုင်းနိုင်ငံမှာ နာမည်ကြီးနေပြီး ထိုင်းနိုင်ငံက ပရိသတ်တွေအပြင် မြန်မာပရိသတ်တွေနဲ့ အာဆီယံနိုင်ငံက ပရိသတ်တွေကပါ စိတ်ဝင်စားနေကြတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်..။

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Friend Zone ရုပ်ရှင်ဇာတ်ကားကတော့ သူငယ်ချင်းသံယောဇဉ် အချစ်ကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး အာဆီယံ(၁၀)နိုင်ငံတွေထဲက မြန်မာအဆိုတော်အနေနဲ့ ဖြူဖြူကျော်သိန်းအပြင် မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးယား၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံက အဆိုတော်တွေကပါ ပါဝင်ထားတာ တွေ့ရပါတယ်..။

Friend Zone ဇာတ်ကားကြီးရဲ့ အချို့ ဇာတ်ဝင်ခန်းတွေကို မြန်မာနိုင်ငံမှာလည်း ရိုက်ကူးထားပြီး ရွှေတိဂုံဘုရားမှာလည်း လာရောက်ရိုက်ကူးထားတာကိုလည်း မြင်တွေ့ရမှာပါ..။

ပြီးခဲ့တဲ့ ရက်က ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Friend Zone ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကိုလည်း ဖြူဖြူကျော်သိန်းက အခြားအနုပညာရှင်များစွာနဲ့အတူ တက်ရောက်ခဲ့ပြီး နိုင်ငံတကာက အနုပညာရှင်များနဲ့အတူ ရင်းရင်းနှီးနှီးနဲ့ အမှတ်တရရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

ထိုင်းရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Friend Zone ရုပ်ရှင်ဇတာ်ကားကြီးမှာ ပါဝင်ထားတဲ့ အကြောင်းလေးကိုလည်း ဖြူဖြူက ပရိသတ်တွေကို အသိပေးထားသလို ချစ်ရတဲ့ Myanmarload ပရိသတ်တွေအတွက်လည်း Friend Zone ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဖြူဖြူကျော်သိန်း၊ Friend Zone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။