အောင်လအန်ဆန်းရဲ့ အောင်မြင်မှုတွေကတော့ ပြည်တွင်းဒေသအနှံ့အပြားသာမက ပြည်ပနိုင်ငံများစွာမှာလည်း ထင်ရှားလျှက်ရှိတာတွေ့ရပါတယ်။ အမိမြေဖွား ညီအကိုမောင်နှမများရဲ့ ချီးကြူးဂုဏ်ပြုမှုတွေသာမက နိုင်ငံခေါင်းဆောင်ကြီးများရဲ့ လေးစားခြင်းကိုလည်း ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက သိုင်းပညာရှင်များစွာနဲ့ ထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး လက်ရှိ One Championship (MMA) ပြိုင်ပွဲရဲ့ မတူညီတဲ့ ခါးပတ်နှစ်ခုချန်ပီယံအဖြစ်ရပ်တည်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။  

အောင်လအန်ဆန်းကတော့ လက်ရှိမိသားစုဘဝလေးတစ်ခုကို တည်ထောင်ထားပြီးပျော်ရွှင်စရာတွေနဲ့အတူ နေ့စဉ်ဖြတ်သန်းနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါ ပျော်ရွှင်စရတွေထဲမှာ ယနေ့ခေတ်လူငယ်တွေနဲ့အတူ ရင်ဘောင်တန်းပျော်ရွှင်တက်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်တလော ပြည်တွင်း ခေတ်စားနေတဲ့ 10 year challenge ပုံရိပ်လေးတွေကတော့ ပရိသတ်တွေအားလုံးလည်း သိမယ်ထင်ပါတယါ်။ပြည်တွင်း ပြည်ပအနုပညာရှင်များစွာလည်း ပါဝင်လုပ်ဆောင်နေကြပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ challengeတစ်ခုပဲဖြစ်ပါတယ်။  

အဆိုပါ 10 year challenge လုပ်ဆောင်သူတွေထဲမှာ ပရိသတ်အချစ်တော် အောင်လအန်ဆန်းလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ 10 year challengeမှာ အောင်လအန်ဆန်းကတော့ များစွာပြောင်းလဲသွားတဲ့ ဘဝတွေနဲ့ ပျော်ရွှင်မှုတွေကို ဝေမျှပေးခဲ့တာတွေ့ရပါတယ်။ ပရိသတ်တွေအချစ်တော်အောင်လအန်ဆန်းရဲ့ 10 year challenge ပုံရိပ်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - aung la 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။