ပရိသတ်ကြီးရေ ဘာဘီမလေးလိုချစ်ဖို့ကောင်းတဲ့ မော်ဒယ်လ်မင်းသမီးသွန်းဆက် ကိုသိကြမယ်ထင်ပါတယ်နော်။ ယခင်က မော်ဒယ်လ်တစ်ယောက်ဖြစ်ပင်မဲ့ အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသမီးအလုပ်ကိုသာ တစ်စိုက်မက်မက်လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူမဟာဆိုရင် ကျရာဇာတ်ရုပ်နေရာကို သဘာဝကျ ပီပြင်အောင် ရိုက်ကူးနိုင်တဲ့အတွက်ကြောင့်အချိန်တိုအတွင်းမှာတင် ပရိသတ်အများအပြားရဲ့တစ်ခဲနက် အားပေးမှုကိုလက်ခံရရှိလာတာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖွံ့ဖြိုးဖြိးရှိလှပြီး ဆွဲဆောင်တဲ့ သူမရဲ့ အပြောအဆိုအမူအရာတွေကြောင့်ယောကျာ်းလေးပုရိသအပေါင်းရဲ့ ဝန်းရံနေရသူတစ်ယောက်ဖြစ်ပါတယ်။ 

သူမရဲ့ အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ အခုလတ်တလောမှာ ရင်ခွင်ရှင်းတမ်း ရုပ်သံဇာတ်လမ်းတွဲနှင့် သရဲသင်္ဘောရုပ်ရှင်ဇာတ်ကားကြီးတို့တွင်ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမဟာဆိုရင်ပျော်ပျော်နေတက်သူဖြစ်ပြီး သဘောထားပြည့်ဝတဲ့ အမူအရာတွေ ကသူမရဲ့ ရုပ်အသွင်ဟာ ပေါ်လွင်ထင်ဟပ်နေတာပဲဖြစ်ပါတယ်။ 

မင်းသမီးသွန်းဆက်ဟာဆိုရင် အရယ်သန်သူဖြစ်ပြီး သရဲသင်္ဘောရုပ်ရှင် ဇာတ်ကားကြီးထဲ မမေ့နိုင်တဲ့ အမှတ်တရတွေကို ပြုံးရွှင်စွာနဲ့ဖြေကြားသွားတာကို ပရိသတ်တို့ အနေနဲ့ ကြားသိခဲ့ရပြီးပြီဖြစ်မှာပါ။ အခုတစ်ခါမှာဆိုရင်လည်း လူမှုကွန်ယက် facebook ပေါ်တွင် ကမ္ဘာတစ်ဝှမ်းရှိ အနုပညာရှင်တွေကအစ မြန်မာနိုင်ငံရှိ celebrities အနုပညာသယ်များပါ အပြိုင်အဆိုင်လုပ်ခဲ့ကြတဲ့ 10 years challenge ဟာဆိုရင်ရေပန်းစားနေတဲ့ challenge တစ်ခုဖြစ်ပါတယ်။ ပရိသတ်အချစ်တော် မင်းသမီးသွန်းဆက်ကလည်း ဒီ challenge ကိုလက်ခံပြီး သူမရဲ့ official facebook acc တွင် "မေး - ၂၀၀၉ နဲ့ ၂၀၁၉ (၁၀ နှစ်အတွင်း ဘာတွေပြောင်းလဲသွားလဲ ) ဖြေ- မသိဖူး ... ပိုပီး cute လာတယ်" ဆိုတဲ့ status လေးနဲ့အတူ သူမရဲ့ဆယ်နှစ်အတွင်း ပြောင်းလဲသွားတဲ့ပုံရိပ်လေးကိုပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။