ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မော်ဒယ်လ် လုလုအောင်ဟာ အွန်လိုင်းမီဒီယာထက်ကနေ အချိန်တိုလေးအတွင်း လူသိများနာမည်ရလာခဲ့တဲ့ sexy model တစ်ယောက်ဖြစ်ပြီး ပုရိသတွေရဲ့ အသည်းကျော်မိန်းကလေးလို့လည်း ဆိုနိုင်ပါတယ်။ လုလုအောင်ဟာ အချိုးအစားကျပြေပြစ်လွန်းတဲ့ သူမရဲ့ ကိုယ်ခန္ဓာအချိုးစအစားကြောင့် နာမည်ကြီးလူသိများလာခဲ့တာဖြစ်ပြီး လက်ရှိမှာအောင်မြင်တဲ့ ထိပ်တန်းမော်ဒယ်လ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ကချင်တိုင်ရင်းသူလေးမို့ မျက်နာကျလေးတွေ ပြေပြစ်ကြည့်ကောင်းလွန်းလှသလို အသားအရေကြည်လင်လှပတဲ့ တောင်ပေါ်သူထဲကတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သူမ ဘဝရဲ့ ရပ်တည်မှုမှာ အရေးကြီးတဲ့ လူတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ ချစ်စရာသမီးချောလေးတစ်ယောက်ရှိပြီး Single Mother မော်ဒယ်လ်တစ်ယောက်အနေနဲ့ သမာအာဇီဝကျကျ သူမရဲ့ အနုပညာအလုပ်တွေနဲ့အတူ ရပ်တည်နေသူပါ။

သူမရဲ့ သမီးလေးအတွက် အမြဲတမ်းအလုပ်တွေကြိုးစားနေသလို သူမကို အားပေးတဲ့ ပရိသတ်တွေအတွက်ပါ အနုပညာအလုပ်တွေကို စဉ်ဆက်မပြတ် သရုပ်ဆောင်လောကကိုပါ ထိုးဖောက်နိုင်အောင်ကြိုးစားနေသူဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဘဝရဲ့ ဖြတ်သန်းမှုတွေထဲက တစ်ခုဖြစ်တဲ့ (၁၀) နှစ်တာအချိန်ကာလလေးအတွင်းမှာ လုလုအောင်တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲအောင် ကြိုးစားခဲ့လည်း ဆိုတာမြင်တွေ့ရစေမဲ့ Single Mother အမေတစ်ယောက်ရဲ့ ဘဝရပ်တည်မှုတစ်ခုလေးဖြစ်တဲ့ (၂၀၀၉) ခုနှစ် နဲ့ (၂၀၁၉)ခုနှစ် အတွင်း သူမရဲ့ ပုံရိပ်လေးကို ပရိသတ်တွေကို ချပြလိုက်တာဖြစ်ပါတယ်။

source: Lulu aung ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။