ခေတ်ကာလတွေပြောင်းလဲလာသည်နဲ့အမျှ မြန်မာ့အနုပညာလောကမှာ ဟာသသရုပ်ဆောင်တွေကို လူသိများလာကြပြီး လူရွှင်တော်လောကကိုလည်း ပရိသတ်အချစ်တော်မင်းသား ၊ မင်းသမီးများစွာက ဝင်ရောက်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပရိသတ်အချစ်တော် လူရွှင်တော်တွေထဲမှာ ရန်ကုန်-မန္တလေးသာမက ပြည်နယ်တိုင်းကချစ်ကြတဲ့ လူရွှင်တော်တွေထဲမှာ ပရိသတ်အချစ်တော် ဒိန်းဒေါင်နှင့် စူပါဘဲတောတို့လည်း ပါဝင်လျှက်ရှိမယ်ထင်ပါတယ်။  

လူရွှင်တော်လောကမှာ ထူးထူးချွန်ချွန်လုပ်ဆောင်နိုင်သူတွေဖြစ်သလို ရန်ကုန်- မန္တလေးလူရွှင်တော်များစွာရဲ့ အားကိုးရာ လူရွှင်တော်ဥက္ကဌကြီးတွေလည်းဖြစ်ပါတယ်။ ဒိန်းဒေါင်နဲ့ ဘဲတော်ဆိုရင် လူကြီးအစ ကလေးအဆုံးမသိသူရှားပါးတဲ့ လူရွှင်တော်ကြီးတွေလည်းဖြစ်ပါတယ်။ လူရွှင်တော်လောကထဲမှာ အောင်မြင်သူတွေဖြစ်သလို အနုပညာလောကမှာလည်း ဝါရင့်သရုပ်ဆောင်တွေလည်းဖြစ်ပါတယ်။ 

နှစ်ယောက်အတူရိုက်ကူးထားတဲ့ ဇာတ်ကားများစွာရှိပြီး ပရိသတ်တွေကို အမြဲပျော်ရွှင်စေတဲ့ ဟာသသရုပ်ဆောင်တွေပဲဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ ရန်ကုန်- မန္တလေး လူရွှင်တော်တွေကို စည်းစည်းလုံးလုံးထားရှိနိုင်တဲ့ သူတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မြန်မာ့လူရွှင်တော်လောကသားတွေအားလုံးလေးစားလျှက်ရှိတဲ့ ဘဲတော၊ ဒိန်းဒေါင်ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - စူပါဘဲတော

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။