ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ နာမည်ကျော်အနုပညာရှင်တွေထဲမှာ တည်ကြည်ခန့်ညားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ မင်းသားချောနေတိုးနဲ့ MRTV-4 မင်းသမီးချောလေးဖြစ်တဲ့ မေမြင့်မိုရ်တို့ကလည်း အပါအဝင်ပါပဲ..။

အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ကိုယ်စီအခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း အတူ တွဲဖက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

ပရိသတ်အသည်းကျော် နေတိုးနဲ့ မေလေးတို့နှစ်ယောက်ကတော့ လတ်တလောမှာလည်း မန္တလေးမြို့မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ရွှေမန်း Tea Shop ဆိုင်(၂) ဖွင့်ပွဲ အခမ်းအနားလေးကိုလ်း အတူတက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

ဒီကနေ့ ဇန်နဝါရီ(၁၇)ရက်နေ့မနက်ပိုင်းက မန္တလေးမြို့မှာ ဖွင့်လှစ်လိုက်တဲ့ ရွှေမန်း Tea Shop ဆိုင်(၂) ဖွင့်ပွဲလေးကိုအတူတက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပြီး ချစ်ရတဲ့ ပရိသတ်တွေရဲ့ ကြိတ်ကြိတ်တိုး အားပေးဝန်းရံမှုတွေကြောင့် ပီတိလေးတွေနဲ့ ပျော်နေခဲ့ကြပါသေးတယ်..။

အခမ်းအနားပွဲလေးတက်ရင်း ဆုံဆည်းခဲ့ကြတဲ့ ချစ်ပရိသတ်တွေနဲ့အတူ အမှတ်တရဓာတ်ပုံလေးတွေလည်း ရိုက်ကူးပေးခဲ့ကြပြီး ပရိသတ်တွေပေးတဲ့ လက်ဆောင်လေးတွေနဲ့လည်း ပျော်ခဲ့ကြတာလည်း တွေ့ရပါတယ်..။

ဒီကနေလေးမှာတော့ နေတိုးနဲ့အတူ ပွဲတက်ခဲ့ကြတဲ့ မေလေးတို့ရဲ့ ပျော်ရွှင်စွာ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ထပ်မံတင်ဆက် မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Wai Minn Maung၊ မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။