ဥရောပကနာမည်ကြီးအသင်းတွေဖြစ်တဲ့ မန်ယူ၊ချယ်လ်ဆီး၊အာဆင်နယ်နဲ့ ဘာစီလိုနာလိုအသင်းတွေဟာသူတို့ဘောလုံးရာသီနားတဲ့အချိန်မှာအာရှကိုလာပြီးခြေစမ်းပွဲတွေကစားကြပါတယ်။အဲ့လိုအသင်းကြီးတွေလာကြတုန်းကပရိသတ်တွေအမှတ်ရဆုံးပွဲလေးတစ်ပွဲကိုတော့ပရိသတ်တွေမှတ်မိကြဦးမှာပါ။

အာစီယံအင်အားကြီးထိုင်းအသင်းနဲ့စပိန်ထိပ်သီးကလပ်ဘာစီလိုနာတို့ခြေစမ်းခဲ့ကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့၂၀၁၃ခုနှစ်မှာထိုင်းအသင်းနဲ့ခြေစမ်းခဲ့ပြီး(၁-၇)ဂိုးနဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။အဲ့ချိန်တုန်းကဘာစီလိုနာအသင်းမှာနေမာတို့လို့ကစားသမားတွေရှိသေးတဲ့အချိန်ဖြစ်ပါတယ်။ ထိုင်းလက်ရွေးစင်အသင်းမှာလည်း မက်ဆီလို့တင်စားထားတဲ့ထိုင်းမက်ဆီနဲ့မက်ဆီတို့တွေ့ဆုံပွဲလို့တင်စားခဲ့ကြတာပါ။

ဥရောပရဲ့အသင်းကြီးဖြစ်တာကြောင့်ပရိသတ်တွေကလည်းအဆိုပါပွဲကိုအပြည့်သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။အာစီယံဒေသတွင်းနိုင်ငံတွေကလည်းထိုင်းနိုင်ငံကိုသွားရောက်ကြည့်ရှူခဲ့ကြပါတယ်။အဆိုပါပွဲစဉ်ကတော့ကမ္ဘာအကောင်းဆုံးသွင်းဂိုးတွေကိုမြင်တွေ့ခဲ့ရတာ ကြောင့်ပရိသတ်တွေပြန်မှတ်မိစေဖို့တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။