ပရိတ်သတ်ကြီးရေ တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းက ချောမောပြေပြစ်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားလို့ မိန်းကလေးပရိတ်သတ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူရိုက်ကူးခဲ့တဲ့ဇာတ်ကားများဟာဆိုရင်လည်း ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိခဲ့တာဖြစ်လို့ ပရိတ်သတ်တွေကြားရေပန်းစားခဲ့ပါတယ်နော်။

ပိုင်ဇေရဲထွန်းက အရမ်းချစ်ရတဲ့မိန်းကလေး ဇင်သဲနိုင်နဲ့ အိမ်ထောင်ပြုပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါတယ်။အခုဆိုရင်တော့ သားသမီး၃ယောက်ကို ပိုင်ဆိုင်ထားပြီး အရမ်းကို ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုလေးပဲဖြစ်ပါတယ်။သားသမီး၃ယောက်ကလည်း ဖအေချော မအေချောဖြစ်လို့ ၃ယောက်လုံး အချောအလှတွေချည်းပါပဲနော်။ပိုင်ဇေရဲထွန်းက သူနဲ့ ၁၀နှစ်ကွာတဲ့ ချစ်ဇနီးချောလေးကို အရမ်းချစ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။

နှစ်တွေဘယ်လောက်ကြာကြာ မပြောင်းလဲတဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကတော့ အားကျစရာပါပဲနော်။သူတို့ဇနီးမောင်နှံနှစ်ယောက်ကလည်း အရမ်းရိုကြလို့ ချစ်ရတဲ့ ပရိတ်သတ်ကြီးက သူတို့အိမ်ထောင်ရေးလေးကိုကြည့်ပြီး ကြည်နူးနေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း သူတို့ဇနီးမောင်နှံနှစ်ယောက်က ကလေးတွေမရှိတဲ့အချိန် နှစ်ယောက်သားကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးကို မျှဝေလိုက်တာပဲဖြစ်ပါတယ်။

Source:Zin Thae Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။