Sexy Actress အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ သင်ဇာဝင့်ကျော်တစ်ယောက် သူမရဲ့ဘဝခံယူချက်လေးကို လူမှုကွန်ယက်မှာဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ်နဲ့ လောျက်လှမ်းပြီးနောက်ပိုင်းမှာတော့ သူမက Sexy Actress အဖြစ်နဲ့ ပြောင်းလဲလိုက်ပြီး အလန်းစားပုံစံတစ်ခုကို ပြောင်းလိုက်တဲ့အချိန်မှာတော့ ဝေဖန်သူတွေလည်းရှိသလို အားပေးသူတွေလည်းရှိလာပါတယ်။ ဘယ်လိုပဲ ပြောဆိုနေပါစေ သူမကတော့ သူမရဲ့အလုပ်ကို အကောင်းဆုံးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သူမက " အလုပ်လုပ်နိုင်တဲ့သူ လုပ်ချင်စိတ်ရှိတဲ့သူ အလုပ်ကြိုးစားသူမှန်သမျှကို လေးစားအားကျအတုယူတယ်... ရည်မှန်းချက်မရှိ ကြိုးစားချင်စိတ်မရှိ အပျော်အပါးပဲမက်ပြီး ယောင်လည်လည်လုပ်နေသူများကိုတော့ သင်ဇာက sorry ပါ... အပြင်ကကိစ္စအသေးအမွှားလေးကိုတောင် စိတ်ညစ်ပြီးညည်းပြနေရင် အလုပ်မှာ ပြသနာတက်ရင်လဲဖြေရှင်းနိုင်မယ်မထင်. " ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာရေးသားလိုက်တာပဲဖြစ်ပါတယ်။ သူမရဲ့ဘဝကိုအကောင်းဆုံးလျှောက်လှမ်းနေပြီး ကိုယ့်အတွက်ကိုယ်ပဲ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပုံက တကယ်ကို လေးစားအာကျချင်စရာပါပဲ။

အမြဲလိုလို အလုပ်ကိုသေသေချာချာလုပ်တတ်တဲ့ ပရိသတ်အချစ်တော် Sexy မင်းသမီးချောလေး သင်ဇာဝင့်ကျော်တစ်ယောက် သူမရဲ့ရင်တွင်း ခံစားချက်အချို့ကို " လူဆိုတာဘဝမှာရည်မှန်းချက်ကိုယ်စီရှိကြမှာပါ...သင်ဇာ့မှာလဲဘဝရည်မှန်းချက်ရှိတယ်...အရမ်းကြီးလောဘမကြီးရင်တောင် ဒီတနှစ်အတွင်းမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းအတာအထိဖြစ်အောင်ကြိုးစားတယ်အလုပ်လုပ်နိုင်တဲ့သူ လုပ်ချင်စိတ်ရှိတဲ့သူ အလုပ်ကြိုးစားသူမှန်သမျှကို လေးစားအားကျအတုယူတယ်... ရည်မှန်းချက်မရှိ ကြိုးစားချင်စိတ်မရှိ အပျော်အပါးပဲမက်ပြီး ယောင် လည်လည်လုပ်နေသူများကိုတော့ သင်ဇာက sorry ပါ... အပြင်ကကိစ္စအသေးအမွှားလေးကိုတောင် စိတ်ညစ်ပြီးညည်းပြနေရင် အလုပ်မှာ ပြသနာတက်ရင်လဲဖြေရှင်းနိုင်မယ်မထင်...ဒီနေ့တွေးမိတဲ့အတွေးလေးပါ...မည်သူ့ကိုမှရည်ရွယ်ပြီးရေးခြင်းမဟုတ် " ဆိုပြီး ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော သင်ဇာနဲ့သဘောထားတိုက်ဆိုင်သူတွေရှိကြလား။

Photo - Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။