လူ့ခန္တာကိုယ်ဆိုတာ တကယ်ကိုထူးဆန်းတဲ့ စက်ကြီးလို့ပြောလို့ရမယ်ထင်ပါတယ်နော်။ အစာကျွေး ရေတိုက် အနားယူမှုတွေလုပ်ပေးလိုက်ရုံနဲ့ ပုံမှန်မပြတ်လည်ပတ်နေပြီး အလုပ်တွေကို ပြီးမြောက်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်ဗျ။ သို့ပေတည်း ခန္တာကိုယ်ချင်းတူပေမယ့် လုပ်ဆောင်နိုင်မှုစွမ်းရည်တွေတော့အသီးသီး ကွာကြပါတယ်ဗျ။ ဒီတစ်ခုကတော့ အက်ဆီးဒင့်တစ်ခုကိုပြင်းပြင်းထန်ထန်ဖြစ်ရာကနေ တခြားလူတွေနဲ့မတူဘဲ တမူထူးခြားတဲ့ စွမ်းရည်တွေကို ရရှိသွားပြီး လုပ်ဆောင်နိုင်မှုစွမ်းရည်တွေ ကွာသွားခဲ့ရတဲ့ ကလေးငယ်လေးရဲ့အကြောင်းပါ။

သူ့ရဲ့နာမည်ကတော့ Nikolai Kryaglyachenkoလို့ခေါ်ပြီးတော့ အသက်က၁၂နှစ်သာရှိသေးတဲ့ ကျောင်းသားကလေးငယ်လေးတစ်ဦးပါ။ ရုရှားနိုင်ငံသားလေးဖြစ်ပြီးတော့ ကြီးမားတဲ့ လျှပ်စစ်ရှော့ တစ်ခုကြောင့် အစွမ်းတွေရလာခဲ့တာပဲဖြစ်ပါတယ်ဗျ။ တစ်နေ့... Nikoတစ်ယောက်ကျောင်းလွှတ်လို့အိမ်အပြန် သူလျှောက်လာတဲ့ လူသွားလမ်းမှာ ဓာတ်တိုင်ကနေ ပြတ်ကျနေတဲ့ ဝိုင်ယာကြိုးစတစ်ခုကိုအမှတ်တမဲ့နဲ့တက်နင်းမိခဲ့ပါတယ်။ သူ့ရဲ့ဖိနပ်မှာလည်းရေစိုနေတယ်ထင်ပါရဲ့ အကြီးအကျယ်ဓာတ်လိုက်ပြီးတော့ အဆိုပါနေရာမှတင်ပဲလဲကျခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ဘာမှမဖြစ်တဲ့အတိုင်းပြန်လည်ထလာနိုင်ခဲ့ပြီးတော့ အိမ်ကိုအရောက်ပြန်ခဲ့ပါတယ်။

အိမ်ရောက်တော့မိခင်ဖြစ်သူကိုပြောပြခဲ့ပေမယ့် ထွေထွေထူးထူးသိပ်စိတ်ပူမနေခဲ့ပါဘူး။ ဒီလိုနဲ့နောက်နေ့မနက်ရောက်တော့ အိပ်ရာထထချင်းမှာပဲ သူခန္တာကိုယ်မှာ အကြွေစေ့လေးကပ်နေတာကို သတိထားမိခဲ့ပါတယ်။ထမင်းစားတဲ့အခါမှာလည်း ဇွန်းဟာ သူရဲ့ ရင်ဘက်မှာလာကပ်နေတာကိုတွေ့ရပါတယ်။ ဒီနောက်မှာတော့ Nikoလေးဟာ သံလိုက်လူသားလေးအဖြစ်နဲ့ သူတို့နေထိုင်ရာ မြို့လေးတစ်ဝိုက်မှာကျော်ကြားခဲ့ပြီး နောက်ပိုင်းမှာတော့ မီဒီယာတွေရဲ့ကောင်းမှုအကြောင်းပြုပြီး နိုင်ငံအနှံ့အပြားထိကိုကြော်ကြားခဲ့ရပါတယ်နော်။ TV Channelတွေမှာတောင် Nikoလေးကိုတွေ့မြင်နိုင်တဲ့အထိကို ရေပန်းစားလာပြီး ၁၉ရာစုထဲမှာတော့ နာမည်ကြီးကလေးငယ်လေး ဖြစ်ခဲ့ရပါတယ် ပရိတ်သတ်ကြီးရေ....။

Source: Dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။