အကယ်ဒမီ သက်မွန်မြင့်တို့စုံတွဲရဲ့ ပွဲတက်ဖက်ရှင်

အကယ်ဒမီပွဲဆိုတာ မြန်မာနိုင်ငံရဲ့ အနုပညာရှင်များနဲ့ပတ်သတ်ပြီး ကျင်းပတဲ့ အကြီးမားဆုံးပွဲတစ်ခုဖြစ်သလို အနုပညာရှင်များအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲ ဆိုလည်းမမှားပါဘူး။

တစ်နှစ်အတွင်း ဖန်တီးခဲ့ကြတဲ့ အနုပညာတွေ ရုပ်ရှင်ဇာတ်ကားတွေကို အကဲဖြတ်အမှတ်ပေးစိစစ်ပြီး အကောင်းဆုံး အနုပညာရှင်တွေ အမှန်တကယ် စစ်မှန်ထိုက်တန်တဲ့ အနုပညာရှင်တွေကို ဆုပေးတဲ့ ပွဲတစ်ခုဆိုလည်း မမှားပါဘူး။

ဒီပွဲမှာ အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယင်ပုံတွေဟာ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ဖက်ရှင်တွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ရွှေတိဂုံဘုရားကြီးကို နောက်ခံကျင်းပတာဖြစ်တဲ့အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ အညီဝတ်ဆင်ဖို့အတွက် တိုက်တွန်းထားပြီး အနုပညာရှင်တွေ ဝတ်စားဆင်ယင်ပုံတွေဟာလည်း ဆန်းသစ်လှပ ခမ်းနာနေကြပါတယ်။ အကယ်ဒမီ သက်မွန်မြင့်တစ်ယောက်လည်း ခင်ပွန်းသည်နှင့်အတူ တက်ရောက်လာပြီး သူမဝတ်ဆင်ထားတဲ့ စိန်ထည်ပစ္စည်းတွေဟာ သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိတယ်လို့ သိရပါတယ်…

Source: 8 Day

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။