အဆိုတော် G Fatt နဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့စုံတွဲကတော့ လိုက်ဖက်ညီတဲ့ စုံတွဲလေးအဖြစ် သီချင်းတွေကို အတူတူ ဖန်တီးလေ့ရှိပါတယ်။ ရှိုးပွဲတွေတိုင်းမှာလည်း နှစ်ယောက်တွဲကာ အတူဖျော်ဖြေလေ့ရှိတဲ့ သူတို့စုံတွဲလေးက အခုလည်း YUFL ကျောင်းပွဲကြီးမှာ ပါဝင်ခဲ့ကြပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ဖြစ်တဲ့ YUFL ရဲ့ (၅၅) နှစ်ပြည့်မွေးနေ့အဖြစ် ကျင်းပတဲ့ပွဲလေးမှာ G Fatt တို့စုံတွဲက သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီပွဲလေးမှာတော့ G Fatt နဲ့ နန်းဆုတို့ချစ်သူနှစ်ဦးက ပရိသတ်တွေကို သီချင်းတွေနဲ့ အပြန်အလှန် ဖျော်ဖြေပေးခဲ့သလို ကျောင်းသူ၊ ကျောင်းသားတွေအားလုံးကလည်း သူတို့နှစ်ဦးရဲ့ သီဆိုမှုကို အားရပါးရ အားပေးခဲ့ကြပါတယ်။ ချစ်စရာကောင်းတဲ့ ပရိသတ်တွေနဲ့အတူ G Fatt ကလည်း " အကယ်၍လက်ထပ်ဖြစ်ခဲ့ရင် " ဆိုတဲ့ သီချင်းလေးကို ချစ်သူနန်းဆုလေးအရှေ့မှာ သီဆိုပြခဲ့တာ တွေ့ရပါတယ်။ ဒီသီချင်းလေးကတော့ သူတို့ချစ်သူနှစ်ဦးအတွက် တကယ့်ကို အမှတ်တရတွေများစွာရှိတဲ့ သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

အခုလည်း နန်းဆုက " YUFL ၅၅နှစ်မြောက်ကျောင်းမွေးနေ့ " ဆိုပြီး သူမကို ပရိသတ်တွေက အားပေးကြိုဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားသလို G Fatt ကလည်း သူရဲ့သီဆိုဖျော်ဖြေမှုကို live လွှင့်ပေးခဲ့ပါတယ်။ G Fatt ရဲ့ Live ဗီဒီယိုဖိုင်လေးမှာတော့ " အကယ်၍လက်ထပ်ဖြစ်ခဲ့ရင် နဲ့ လူသားသစ္စာ" ဆိုတဲ့ သီချင်းလေးနှစ်ပုဒ်နဲ့ ပရိသတ်တွေနဲ့ အတွဲညီညီ ဖျော်ဖြေထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် G Fatt နဲ့ နန်းဆုရဲ့ ဗီဒီယိုဖိုင်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:G Fatt & Nansu Yati Soe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။