ပရိသတ်အချစ်တော် ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့ ချစ်စဖွယ်သမီးလေးဖြစ်တဲ့ သဇင်ထူးမြင့်တစ်ယောက် ကစားထားတဲ့ Tik Tok Video လေးဟာ အရမ်းကိုချစ်ဖို့ကောင်းလွန်းနေတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်။ ဖခင်ဖြစ်သူက ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် သူမကတော့ ပညာရေးကိုပဲအပြည့်အဝ အကောင်းဆုံးကြိုးစားနေတာပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူရဲ့ အချစ်တွေကိုအပြည့်အဝရထားတဲ့ အငယ်ဆုံးသမီးလေးလည်းဖြစ်ပါတယ်။

အကိုဖြစ်သူကတော့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပေမယ့် သူမကတော့ ပညာရေးကိုပဲဦးစားပေးပြီး ကြိုးစားနေတာပဲဖြစ်ပါတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ ဖြူဖြူဖွေးဖွေး မိန်းမငယ်လေးတစ်ယောက်ဖြစ်တာမို့ ကိုကိုပုရိသတွေက အပြတ်အသတ်ဝန်းရံနေကြတာပဲဖြစ်ပါတယ်။ အသက် 19 နှစ်ပြည့်မြောက်ပြီး အသက် 20 ဝန်းကျင်လေးဖြစ်ပေမယ့် သူမက ကလေးလေးတစ်ယောက်လို အပြစ်ကင်းဖြူစင်ပြီး ချစ်စရာကောင်းနေဆဲပါပဲ။

သူမ ဆော့ထားတဲ့ Tik Tok Video လေးဟာ အရမ်းကိုချစ်စရာကောင်းလွန်းပါတယ်။ အဆိုတော် မိုးမိုးရဲ့ " ပြန်တွေးကြည့် " ဆိုတဲ့ သီချင်းလေးနဲ့ ကစားထားတာပဲဖြစ်ပါတယ်။ အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ ဟာသ သရုပ်ဆောင်ခင်လှိုင်ရဲ့ ချစ်စဖွယ်သမီးလေး သဇင်ထူးမြင့်ရဲ့ အသည်းယားစဖွယ် Tik Tok Video လေးကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Thazin Htoo Myint 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။