ပရိတ်သတ်ကြီးရေ.... ကြွေရုပ်လေးအလားထင်မှတ်မှားရလောက်အောင် ကိုရီးယားမင်းသမီးလေးလို ချောမောလှပတဲ့ မိတ်ကပ် Artist မလေး ဟန်နာယူရီကို ပရိတ်သတ်ကြီးသိကြမှာပါနော်။ ချစ်စရာမျက်နှာလေးနဲ့ အမိုက်စားကိုယ်လုံးကိုယ်ပေါက်လေးကြောင့် ပုရိသပရိတ်သတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို အထူးခံနေရတဲ့ကောင်မလေးပါ။

သူမဟာ ဓာတ်ပုံမော်ဒယ်လေးတစ်ယောက်လည်းဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် အနုပညာခြေလှမ်းလေးတွေစိပ်လာတဲ့ ဘာဘီမလေးပဲဖြစ်ပါတယ်နော်။ ပရိတ်သတ်တွေကလည်း သူမကို ချစ်သလို သူမကလည်း သူမကိုအးပေးတဲ့ ပရိတ်သတ်တွေကိုလေးစားတဲ့အနေနဲ့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်မှာပေါ်မှာ အမြဲလိုလိုမျှဝေပေးတတ်ပါသေးတယ်။

အခုလတ်တလောမှာလည်း သူမခရီးလေးတွေထွက်ဖြစ်နေပြီတော့ သူမခရီးသွားနေတဲ့ပုံရိပ်လေးတွေကို လည်း သူမချစ်တဲ့ ပရိတ်သတ်ကြီးအတွက် လူမှုကွန်ယက်စာမျက်နှာကနေတဆင့်မျှဝေပေးထားပြန်ပါတယ်။ အခုသူမဟာ ကလောမြို့ကိုရောက်ရှိနေပြီးတော့ လှေလေးပေါ်မှာအသက်ကယ်အင်္ကျီလေးကိုဝတ်ပြီး ရိုက်ထားတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်နော်။ ကဲ...ပရိတ်သတ်ကြီးအတွက်လည်း ဟန်နာယူရီရဲ့ ခရီးသွားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Hana Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။