ပရိသတ်ကြီးရေဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ကမ္ဘာတစ်လွှားထူးထူးခြားခြားသတင်းတစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံ အအေးဒဏ်ခံနိုင်သူအဖြစ်ကမ္ဘာတစ်လွှားကျော်ကြားသောJin Songhao ဆိုသူရဲ့အကြောင်းပဲဖြစ်ပါတယ်။ ထိုသူဟာဆိုရင်ရေခဲပုံကြီးထဲမှာ အချိန်ပေါင်းများစွာနေထိုင်ပြီး အေးအေးဆေးဆေးဘီယာသောက်ပြခဲ့တာပဲဖြစ်ပါတယ်။ သာမာန်သူဆိုအေးခဲသွားလောက်တဲ့အအေးဓာတ်ကို မတုန်မလှုပ်ပဲခံနိုင်ရည်ရှိသူတစ်ယောက် နာမည်ကျော်ကြားရေပန်းစားနေတာပဲဖြစ်ပါတယ်။

ထိုသူကိုတော့ Yanji Jilin ပြည်နယ်မှာမွေးထားဖြစ်ပါတယ်။ ထိုပြည်နယ်မှာဆိုရင် အအေးခံနိုင်ရည်အမြင့်အမားဆုံးအစွမ်းရှိသူအဖြစ် အောင်မြင်ကျော်ကြားလူသိများတာပဲဖြစ်ပါတယ်။ ထိုသူကရေခဲပုံးထဲတွင် အချိန်ကြာမြင့်စွာ ဝင်ရောက်နေထိုင်ပြတာကို ပရိသတ်တို့အနေနဲ့ ရင်သက်ရှုမောဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ အေးခဲတဲ့ ဒေသမှာမွေးဖွားကြီးပြင်းအရွယ်ရောက်လာတာမလို့ အအေးဒဏ်ခံနိုင်ရည် ရှိတယ်လို့ပဲပြောရမလားပရိသတ်ကြီးရေ...။

ဆီးနှင်းထဲမှာထိုင်ပြီးဘီရာသောက်ပြတဲ့ Jin က ၄၆မိနစ်နဲ့၇စက္ကန့် နေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းလေးသာဖုံးအုပ်ပြီး တစ်ကိုယ်လုံးဘာမှမဝတ်ဘဲ နေထိုင်ပြခဲ့တာဖြစ်ပါတယ်။ တစ်ကယ့်ကိုအာဂလူပါပဲပရိသတ်ကြီးရေ။ သူ့ကိုယှဉ်ပြိုင်ဖို့ လူရှိပင်မဲ့ သူ့စံချိန်ကို မချိုးနိုင်ဖူးပဲဖြစ်ပါတယ်။ ရေခဲဆီးနှင်းတွေနဲ့အတူ ခန္ဓာကိုယ်ကို တိုက်ရိုက်အပြည့်အဝနှစ်ထားတာဖြစ်ပြီး အချိန်ကြာမြင့်ဆုံးဝင်ရောက်နေထိုင်သူအဖြစ် ဂင်းနစ်စံချိန် မှတ်တမ်းတင်ခံရတာဖြစ်တယ်လို့ ဒေသခံမီဒီယာများကဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးသတင်းအရ ၁၁၅မိနစ်ကိုစံချိန်ချိုးဖောက်နိုင်သွားပြီဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီရေ ကမ္ဘာတစ်လွှားက ထူးခြားဆန်းပြားသတင်းတစ်ခုဖြစ်တဲ့ အအေးဒဏ်ခံနိုင်ဆုံးသူရဲ့ စိတ်ဝင်စားဖွယ်အကြောင်းကို ပုံရိပ်တွေနဲ့တကွ မျှဝေပေးလိုက်ပါတယ်နော်။

source Guinness World Records 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။