ပရိတ်သတ်ကြီးရေ အနုပညာလောကထဲကိုမကြာသေးမှီကမှ ဝင်ရောက်လာတဲ့ အလှမယ်တစ်ယောက်လည်းဖြစ်တဲ့ Bella ကတော့ Miss ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winnerဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားတဲ့ အလှမယ်တစ်ယောက်ပဲဖြစ်ပါတယ်။သူမရဲ့အဓိကထူးခြားတဲ့အချက်လေးက အရမ်းလှပြီးချိုတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သွား၃၂ချောင်းလုံးပေါ်အောင်ပြုံးလိုက်ရင် အရမ်းလှလွန်းလို့ ပရိတ်သတ်တွေက သူမရဲ့အပြုံးကိုသတိထားမိလာဖြစ်ပါတယ်။

Bella က Missတစ်ယောက်ဖြစ်လို့ Miss တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ အလှအပတွေရှိလို့ နိုင်ငံတကာစင်မြင့်ထက်တွေမှာလည်း ပြိုင်ပွဲဝင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် အလှမယ်လေးဖြစ်ပါတယ်။သူမက အသက်၂၀သာရှိသေးပြီး လူငယ်ပြီပြီ သွက်လက်ဖျက်လက်စွာနဲ့ ပျော်ရွှင်စွာနေတတ်လို့ လူချစ်လူခင်ပေါများကာ အပေါင်းအသင်းမိတ်ဆွေတွေလည်းများပါတယ်နော်။သူမက တည်ငြိမ်တဲ့အချိန်ရောက်ရင်လည်း တည်ငြိမ်သလို သူငယ်ချင်းတွေနဲ့တွေ့ရင်လည်း မျက်နှာပြောင်ကာ ဟာသလေးတွေလည်းနှောတတ်ပါသေးတယ်။

Bellaက အခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေပြီး ပွဲတွေကိုလည်း ဖက်ရှင်အလန်းတွေနဲ့ တက်ရောက်နေပါတယ်။Bellaရဲ့အရပ်က မိန်းကလေးတွေအားကျရတဲ့အရပ်အမောင်းကိုပိုင်ဆိုင်ထားလို့ လူအများကြားထင်းနေတာပါနော်။အခုဆိုရင်လည်း မိန်းကလေးတွေအသည်းစွဲ ဖြစ်နေတဲ့ ဒေါင်းနဲ့အတူတူ Shootingတစ်ခုမှာ ရိုက်ကူးရေးလုပ်နေပြီး shootingနားချိန်မှာတော့ Bella က ဒေါင်းရဲ့ရှေ့မှာ အိုင်တင်အမျိုးမျိုးနဲ့ မျက်နှာပြောင်ပြနေတာပဲ ဖြစ်ပါတယ်။

Source:Bella Myat Thiri Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။