ပရိသတ်ကြီးရေ ခန္ဓာကိုယ် အချိုးအစားပြေပြစ်လှပပြီး ရီဝေတဲ့ မျက်လုံးတွေနဲ့ ပုရိသ အပေါင်းကို ညှို့ယူတက်တဲ့ မော်ဒယ်လ် မိုးမြင့်သဇင် ဟာဆိုရင် social media လောကမှာ နာမည်ကြီးလူကြိုက်များနေတာပဲဖြစ်ပါတယ်။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ အလှပုံရိပ်တွေကို ပရိသတ်ကြီးတို့အနေနဲ့အမြဲ မြင်တွေ့ရမှာဖြစ်ပါတယ်။ သူမှာဆိုရင် မြန်မာဝတ်စုံလေးတွေနဲ့လည်းလိုက်ဖက်သူတစ်ယောက်ပီပီ အိန္ဒြေရှင်မလေးတစ်ယောက်ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မော်ဒယ်လ်မိုးမြင့်သဇင်ဟာဆိုရင် ဟိုးအရင်တစ်ချိန်ကတည်းက မြန်မာဗီဒီယို လောကမှာ သရုပ်ဆောင်ပီပြင်သူတစ်ယောက်အဖြစ် လက်ခံအားပေးမှုတွေ လက်ခံပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် အနုပညာလောကထဲမှ ခေတ္တရပ်နားသွားပင်မဲ့ အခုနောက်ပိုင်းမှာဆိုရင်တော့ နာမည်တစ်လုံးနဲ့ model လောကမှာ နေရာတစ်နေရာကို ပြန်လည်ရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့ချစ်ညီမလေးတစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ်နွယ်နွယ်ထွန်းဟာဆိုရင်လည်း အမခြေရာကိုနင်းနိုင်သူဖြစ်ပြီး ချစ်ချစ်ခင်ခင်နဲ့ နှစ်ယောက်အတူတူ ဝါသနာပါရာ photo model လောကကို လျှောက်လှမ်းနေကြသူလေးတွေဖြစ်ကြပါတယ်။ သူညီမလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်ချစ်ခင်ပုံကိုလည်း ရစ်ရစ်ရဲ့ မွေးနေ့အလှူအမှတ်တရ မြင်ကွင်းတွေမှာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သူမဟာဆိုရင် ပရိသတ်တွေကို အဆက်အသွယ်မပြတ်ရလေအောင် သူမရဲ့ official facebook acc တွင် သူမရဲ့ လှုပ်ရှားမှုတွေကို အမြဲဖော်ပြလေ့ရှိတာဖြစ်ပြီး အခုတစ်ခါမှာဆိုရင်လည်းသူမရဲ့ အလှပုံရိပ်တွေနဲ့အတူ "ဘယ်သူဆီ က ဘာမှ မမျော်လင့် တဲ့ အချိန် က ကိုယ် အတွယ် အငြိမ်းချမ်းဆုံး အချိန် ပါပဲ" ဆိုတဲ့ status လေးကို myanmarload ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။  

source Moe Myint Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။