ပရိတ်သတ်ကြီးရေ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထက်အောင်ရှိုင်းကတော့ မော်ဒယ်လောကကနေစပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ထက်အောင်ရှိုင်းက မော်ဒယ်တစ်ယောက်ဖြစ်လို့ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ် အရပ်အမောင်းတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ချောမောပြေပြစ်တဲ့ မျက်နှာလေးပေါ်မှာ ပါးချိုင့်လေးကထင်းနေလို့ မိန်းကလေးတွေရဲ့အသည်းစွဲတစ်ယောက်လည်းဖြစ်ပါတယ်။ 

ထက်အောင်ရှိုင်းက အခုဆိုရင် အနုပညာလောကထဲမှာ အနုပညာအလုပ်တွေကို ခြေလှမ်းစနေပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်။သူရိုက်ကူးတဲ့ ဇာတ်ကားများဟာဆိုရင်လည်း ဇာတ်ရုပ်အမျိုးမျိုးကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူဖြစ်လို့ ပရိတ်သတ်တွေက သူသရုပ်ဆောင်တဲ့ ဇာတ်ရုပ်တွေကို သဘောကျကြပါတယ်။ထက်အောင်ရှိုင်းက စိတ်ထားကောင်းပြီး ဖော်ရွေသူတစ်ယောက်ဖြစ်လို့ အပေါင်းအသင်းသူငယ်ချင်းတွေကတော့ ပေါများပါတယ်နော်။

ထက်အောင်ရှိုင်းက အခုဆိုရင် ဇာတ်ကားတွေကို လက်ခံရိုက်ကူးနေပြီး အတူတူ ရိုက်ကူးတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးနေပါတယ်။အခုလက်တလော သူရိုက်ကူးနေတဲ့ ပုရိသ ရုပ်ရှင်ဇာတ်ကားမှာဆိုရင် မခိုင်လေး နေခြည်ဦး ခင်လှိုင် ကေညီ တိုင်ရွန်နဲ့ အခြားအနုပညာရှင်ပေါင်းများစွာနဲ့ အတူ တက်ညီလက်ညီ ရိုက်ကူးနေပါတယ်။ဟာသဇာတ်ကားလေးဖြစ်လို့ ဇာတ်ကားရိုက်နေစဉ်အတောအတွင်းမှာလည်း သူတို့တွေ အရမ်းကို ပျော်ရွှင်ရပါတယ်နော်။

Source:Htet Aung Shine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။