မကြာခင်ရက်ပိုင်းအတွင်းမှာတော့မြန်မာဘောလုံးလောကမှာပရိသတ်တွေအံ့သြစေလောက်တဲ့အပြောင်းအလဲကြီး တစ်ခုဖြစ်သွားခဲ့ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာဘောလုံးလောကအတွက်အဖွဲ့ချုပ်ကရေရှည်စီမံကိန်းတွေနဲ့ သက်ဆိုင်ရာသက်တမ်းအလိုက်နည်းပြတွေခန့်အပ်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲMFF Technical Director မစ္စတာ အဲရစ်အက်ဘရမ်ရဲ့စီမံမှုအောက်မှာ အသင်းရဲ့ကစားကွက်တွေကိုပါထုတ်ဖော်ပြသခဲ့ပါတယ်။

မြန်မာယူ၂၂အသင်းနဲ့နည်းပြချုပ်နေရာအတွက်လည်းနိုင်ငံခြားသားနည်းပြတစ်ဦးကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။အဖွဲ့ချုပ်ရဲ့လေးနှစ်တာ စီမံကိန်းကတော့ပရိသတ်တွေအတွက်အားရကျေနပ်စရာဖြစ်ခဲ့ပါတယ်။မြန်မာအသင်းရဲ့ကစားပုံစံတွေကိုအရင်ပုံစံတိုင်းမဟုတ်ပဲမြန်နှုန်း မြင့်ကစားကွက်တွေနဲ့နည်းစနစ်ပိုင်းဆိုင်ရာကိုလည်းသေချာလေ့ကျင့်သွားမှာဖြစ်ပါတယ်။ဒီနှစ်အတွင်းမှာတော့မြန်မာယူ၂၂အသင်းဟာ အဓိကပြိုင်ပွဲကြီး၃ခုကိုယှဉ်ပြိုင်ရမှာကြောင့်အဖွဲ့ချုပ်ရဲ့ပြောင်းလဲမှုတွေကိုပရိသတ်တွေမြင်တွေ့ရတော့မှာဖြစ်ပါတယ်။

လစ်လပ်နေတဲ့မြန်မာ့လက်ရွေးစင်အသင်းရဲ့နည်းပြချုပ်နေရာကိုတော့ ကြော်ငြာခြင်းမရှိသေးပေမယ့်မကြာခင်မှာပရိသတ်ထံကို ကြော်ငြာသွားမှာဖြစ်ပါတယ်။ပရိသတ်တွေကလည်းလက်ရွေးစင်အသင်းရဲ့နည်းပြချုပ်နေရာကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။အဖွဲ့ချုပ်ရဲ့ ရေရှည်စီမံကိန်းတွေကြောင့်ပရိသတ်တွေကြားမှာဝေဖန်မှုတွေရှိခဲ့သလိုအားပေးမှုတွေလည်းရှိခဲ့ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့ မြန်မာအသင်းအဖွဲ့ချုပ်ရဲ့စီမံကိန်းတွေအောက်မှာဘယ်လိုအကောင်းဆုံးစွမ်းဆောင်နိုင်ပြီးပရိသတ်တွေကို ဘယ်လိုအောင်မြင်မှုတွေပေးနိုင် မလဲဆိုတာတော့စိတ်ဝင်စားစွာနဲ့စောင့်ကြည့်ရဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။