အများလေးစားရတဲ့ Michelle Obama ဟာဆိုရင် ခုချိန်မှာ အသကက်၅၅နှစ်ရှိပြီဖြစ်ကာ သူမရဲ့မွေးနေ့မှာ သူမအလေးစားဆုံးနဲ့ အားအကျဆုံးဖြစ်တဲ့ သူမရဲ့ယောက်ျား အမေရိကန်ရဲ့သမ္မတဟောင်းဖြစ်တဲ့ Barack Obama ဟာ ကြာသပတေးနေ့တုန်းက Instagram နဲ့ Twitter မှာ သူတို့အသက်၂၆နှစ်တုန်းကပုံကို စာလေးတစ်ခုရေးပြီး တင်ခဲ့ပါတယ်။ ချစ်တက်ကြပါပေတယ်....Obama တို့ရယ်။ သူတို့နှစ်ယောက်ရဲ့လင်မယားသက်တန်းဟာဆိုရင် ၂၇နှစ်ရှိပြီပဲဖြစ်ပါတယ်။

Obamaရဲ့ ချစ်သက်ဝင်နေတဲ့စာနဲ့ ပုံလေးက လူအတော်အများကို နှိုးဆော်နိုင်ခဲ့ပြီး ဆုတောင်းစကားတွေနဲ့ ဂုဏ်ယူကြောင်းပြောတဲ့သူတွေပြည့်လိုနေခဲ့ပါတယ်။ ကမ္ဘာကျော် အဆိုတော်ဖြစ်တဲ့ Beyonce ဟာဆိုရင်လဲ သူရဲ့Instagram မှာ Michelle Obama အတွက် Michelle ကလေးဘဝတုန်းကပုံကိုတင်ပြီး ဦးညွှတ် ဂါဝရပြုကြောင်းရေးတင်ခဲ့ပါတယ်။ စာရေးဆရာမ Shonda Rhimes ဟာလဲ Michelle Obama အတွက် Twitter မှာ ဆုတောင်းစကားကိုပုံနှင့်တကွ ရေးတင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာအတူတူ Chicago မှာကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။ 

Kamala Harris လဲ Michelle Obama ရဲ့ အသက်၅၅နှစ်မြောက် မွေးနေ့အတွက် ဆုတောင်းစကား ရေးတင်ခဲ့ပါတယ်။ ဟင်းချက်အစီအစဉ်ရဲ့ နာမည်ကြီးဖြစ်တဲ့ Rachel Ray လဲ Twitter မှာ Michelle Obama ကိုကျေးဇူးတင်စကားနဲ့တကွ မွေးနေ့ဆုတောင်စကားကိုပါရေးကာ ပုံပါတင်ခဲ့ပါသေးတယ်။ Michelle Obama တစ်ယောက် မွေးနေ့ကိုဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကိုတော့ မသိရှိရပါဘူး။ ဒီနှစ်မှာတော့ သူမရဲ့မွေးနေဟာ တိတ်ဆိတ်နေခဲ့ပြီး....လူမှုကွန်းရက်ပေါ်မှာ မတက်ရောက်ခဲ့ပါဘူး။ သို့ပေမဲ့လဲ သူမရဲ့ကိုယ်တွေမှတ်တမ်း စာအုပ်ဖြစ်တဲ့ " Becoming " ဆိုတဲ့စာအုပ်ဟာ ၃သန်းအထက်ရောင်းချနိုင်ခဲ့ပါတယ်။

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။