ပရိတ်သတ်ကြီးရေ ယွန်းယွန်းလို့ ပြောလိုက်ရင် ကလေးဘဝတည်းက ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်လာတဲ့ ပါးချိုင့်လေးနှစ်ဖတ်နဲ့ ချစ်စရာကောင်းတဲ့ ကလေးမလေးကို ပြေးမြင်မိကြမှာပါ။ယွန်းယွန်းက ကလေးဘဝကတည်းက အနုပညာကို ဝါသနာပါသူတစ်ယောက်ဖြစ်လို့ ငယ်ရွယ်စဉ်အချိန်ကတည်းက အနုပညာလမ်းကြောင်းပေါ်ကို ဆရာသမားတွေအကူအညီနဲ့ လျှောက်လှမ်းလာတာပဲဖြစ်ပါတယ်။

ကလေးဘဝကတည်းက ကျရာဇာတ်ရုပ်ကို ပိုင်နိုင်တိကျအောင် သရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်လို့ ငယ်ငယ်လေးနဲ့ အရမ်းတော်တဲ့ ကလေးသရုပ်ဆောင်လေးပဲဖြစ်ပါတယ်။ယွန်းယွန်းရဲ့ ဇာတ်ကားတွေအများစုဟာဆိုရင်လည်း ဇာတ်လမ်းဇာတ်အိမ် ခိုင်မာလို့ ပရိတ်သတ်တွေကြားရေပန်းစားခဲ့ပါသေးတယ်။ယွန်းယွန်းရဲ့ အပြောအဆို အပြုအမူလေးတွေကလည်း အရမ်းကို ချစ်စရာကောင်းပြီး ဖော်ရွေလို့ လူချစ်လူခင်ပေါများတဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်။

ယွန်းယွန်းက အခုဆိုရင် ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိလာပြီး ဆံနွယ်အရှည်ကြီးနဲ့ အရမ်းကိုလှပြီး ကျက်သရေရှိတဲ့ မိန်းမပျိုလေးအသွင်နဲ့ ကြီးပြင်းလာပြီနော်။ပရိတ်သတ်တွေက သူမငယ်စဉ်ကတည်း အားပေးခဲ့တာဆိုတော့ အခုဆိုရင် အခိုင်အမာအားပေးတဲ့ ပရိတ်သတ်တွေအများအပြားကို ယွန်းယွန်းက ပိုင်ဆိုင်ထားပါပြီနော်။ယွန်းက မနက်ဖြန်ဆိုရင် ၁၉နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ယွန်းရဲ့ ငယ်ဘဝပုံရိပ်လေးတွေနဲ့ ဆယ်ကျော်သက်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Yoon Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။