ပရိသတ်ကြီးတို့ရဲ့ အသည်းတွေကို အများဆုံးခြွေယူထားနိုင်တဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်အနုပညာရှင်ကတော့ မင်းသမီးချောလေး စိုးပြည့်သဇင်ပါပဲ…။

သရုပ်ဆောင်ကောင်းမှုတွေအပြင်အနေအေးပြီး အေးချမ်းတဲ့မြန်မာဆန်ဆန် အလှတရားတွေကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေရသူလေးပဲ ဖြစ်ပါတယ်..။

အချစ်တော်လေး စိုးပြည့်တစ်ယောက်ကတော့ ပရိသတ်တွေအားလုံးက အမြဲစိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ သူမရဲ့အချစ်ရေးလေးနဲ့ ပတ်သက်ပြီးတော့လည်း အနေအေးပြီး ဝေဖန်မှုတွေလည်း မရှိသလောက်ပါပဲ..။

အချစ်ရေးနဲ့ ပတ်သက်ပြီး အနေအေးတဲ့ စိုးပြည့်လေးကတော့ ဒီတစ်ခါမှာ ပရိသတ်တွေအံ့သြသွားလောက်အောင် Boyfriend နဲ့ Ex တွေကို ထုတ်ပြလိုက်ပြီး စနောက်ကျီစယ်လိုက်ပါတယ်..။

စိုးပြည့်လေးကတော့ လတ်တလော လူမှုကွန်ယက်မှာ လူသုံးများနာမည်ကြီးနေတဲ့ ကိုရီးယားဆယ်လီတွေထဲမှာ ဘယ်သူနဲ့ Boyfriend ဖြစ်မလဲဆိုပြီး အပျင်းပြေဆော့ကစားကြတဲ့ ဆော့လ်ဝဲလေးတစ်ခုကို အသုံးပြုပြီး ပရိသတ်တွေကို စနောက်လိုက်တာပဲ ဖြစ်ပါတယ်..။

ကိုရီးယားဆယ်လီ Boyfriend နဲ့ Ex တွေကို ဖော်ပြထားတဲ့ Link လေးကို ပြန် Share ထားပြီး “မနာလိုမဖြစ်ကြပါနဲ့လေ...” ဆိုပြီး ချစ်စဖွယ်လေး စနောက်ထားသလို Comment လေးတွေမှာလည်း ပရိသတ်တွေနဲ့အတူ စကားတွေလည်း အပြန်အလှန်ပြောထားပါသေးတယ်..။

Photo - စိုးပြည့်သဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။