ပရိတ်သတ်ကြီးရေ... ပရိတ်သတ်တွေကြားမှာ အရမ်းကိုရေပန်းစားခဲ့တဲ့ ဂျင်းကောင် ဟာသ ဗီဒီယိုဇာတ်ကားကို ပရီတ်သတ်ကြီးတွေမှတ်မိကြအုန်းမှာပါနော်။ ဂျင်းကောင်တံဆိပ်နဲ့တောင် အင်္ကျီတွေ ဘောင်းဘီတွေ စတဲ့ ဖက်ရှင်နဲ့ ပတ်သတ်တဲ့ လူသုံးကုန် ပစ္စည်းတွေနဲ့ အစားအသောက်တံဆိပ်တွေ ထိပါနာမည်ကြီးသွားခဲ့ရတဲံ ဇာတ်ကောင်တစ်ကောင်ပါပဲနော်။

အဲ့ဒီ ဂျင်းကောင်ဆိုတဲ့ ဟာသဇာတ်ရုပ်လေးကိုတော့ အခုထိ ပရိတ်သတ်တွေ တွေ့တိုင်းဂျင်းကောင် ဂျင်းကောင်လို့ခေါ်ခေါ်နေကြတဲ့ အကယ်ဒမီ မင်းသားချောလေးမြင့်မြတ်က သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ သဘာဝကျကျနဲ့ ဟာသမြောက်အောင်သရုပ်ဆောင်နိုင် ပြီး ဇာတ်ကောင်ရဲ့ ထူးခြားတဲ့ စကားပြောပုံ ခြေဟန်လက်ဟန်တွေက ပရိတ်သတ်တွေကို သဘောတွေ့စေကာ မြန်မာတစ်နိုင်ငံလုံး ဂျင်းကောင်မှ ဂျင်းကောင် ဖြစ်စေခဲ့ပါတယ်နော်။

ဒါပေမယ့် ဒီကားဟာ ဗီဒီယိုဇာတ်လမ်းအဖြစ်သာထွက်ရှိလာခဲ့တဲ့အတွက် ကြည့်ရတဲ့သူတွေ အတော်များများအားမလို အားမရဖြစ်ခဲ့ရပါတယ်နော်။ သို့ပေမယ့် ဒီလိုပရိတ်သတ်တွေအတွက် သတင်းကောင်းတစ်ခုအနေနဲံ ဒီဂျင်းကောင်ဆိုတဲ့ ဇာတ်ကောင်ဟာ မကြာမှီ မှာ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်နဲ့ ပရိတ်သတ်တွေဆီကိုအရောက်လာတော့မှာပဲဖြစ်ပါတယ်။ ရုံတင်မယ့်ရက်ကတော့ ၂လပိုင်း ၈ရက်နေ့ဖြစ်ပြီးတော့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ မြင့်မြတ်၊အိချောပို၊အေးသောင်း၊စိုးမြတ်သူဇာ၊ခိုင်သင်းကြည်တို့ပဲဖြစ်ပါတယ်နော်။ ကဲ... ပရိတ်သတ်ကြီးအတွက် တင်တင်ပြီးချင်းမကြာခင်မှာပဲ ကြည့်ရှုသူ လေးသိန်းနီးပါးကပ်နေခဲ့တဲ့ ဒီ ဂျင်းကောင် ဇာတ် ကားကြီး ရဲ့ Teaser 1ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Source : ဂျင်းကောင် ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။