ချစ်သူ သက်တမ်း(၉)နှစ် ဝန်းကျင်ရှိပြီ ဖြစ်တဲ့ အဆိုတော် Miley Cyrus နဲ့ မင်းသား Liam Hemsworth တို့ဟာ The Last Song(2010) ဆိုတဲ့ အချစ်ရိုမန်ကတစ်ဇာတ်လမ်းလေးကို ရိုက်ကူးစဉ်မှာပဲ ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ ချစ်သူ သက်တမ်း(၉)နှစ် ဝန်းကျင်အတွင်းမှာ လမ်းခွဲလိုက်၊ပြန်တွဲလိုက်နဲ့ အတော်လေး ကတောက်ကဆများတဲ့ အချစ်ရေးမျိုးဖြစ်ခဲ့ရသလို နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ရဲ့ တစ်ဘဝလေး အေးချမ်းခဲ့ရပြီဖြစ်ပါတယ်။

လွန်ခဲ့သော ဒီဇင်ဘာလ မကြာသေးခင်အချိန်ကပဲ ချစ်သူဖြစ်သူ မင်းသား Liam Hemsworth နဲ့ Miley Cyrusတို့ဟာ အကျဉ်းချုပ်လက်ထပ်လိုက်ပြီး သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးကို အိမ်မှာပဲ မိသားစု၊ သူငယ်ချင်းတချို့နဲ့ အကျဉ်းချုပ်လေး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ အသက်(၂၆) နှစ်ဝန်းကျင်ရှိပြီးဖြစ်တဲ့ Miley Cyrus ကတော့ ခင်ပွန်း အတွက် Liam အတွက် ဗိုက်ထဲမှာအနာဂတ်စုဘူးလေး ပိုက်မိနေပြီလားလို့ မေးခွန်းထုတ်ခြင်းခံနေပြီး သူမပရိသတ်တွေကလည်း သူမအတွက် အရမ်းကို ပျော်ရွှင်နေကြပါတယ်။

world_record_egg ဆိုတဲ့ Twitter အကောင့်ကနေ Miley Cyrus ရဲ့ တကိုယ်လုံးပေါ် ပုံလေးကနေ ဗိုက်နားမှာ ကြက်ဥပုံလေးကို ပြုလုပ်ထား Meme ပြုလုပ်ခဲ့ပြီး ခပ်ပွပွအင်္ကျိကြောင့် ဗိုက်လေးက ခပ်ဖောင်းဖောင်းလေးဖြစ်နေသလား၊ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီလားဆိုတာကို Miley Cyrus တစ်ယောက် သူမရဲ့ Twitterကနေ ပြန်လည် ဖြေကြားခဲ့ပါတယ်။ "I’m not 'Egg-xpecting' but it’s 'Egg-celent' to hear everyone is so 'Happy For Us,We’re happy for us too! 'Egg-cited' for this next chapter in our lives. Now , can everyone leave me alone and go back to staring at an egg." လို့ သူမသာ တကယ်ကိုယ်ဝန်ရှိနေမယ်ဆိုရင် သူမခင်ပွန်းနဲ့ သူမတို့နှစ်ယောက်စလုံးပျော်နေမိမှာပါလို့ ပြောဆိုခဲ့ပြီး သူမ ကိုယ်ဝန်ရှိနေတယ်လို့ ဆိုနေတဲ့သတင်းပေါ် ငြင်းချက်ထုတ်လိုက်ပါတယ်။

source:ttps://www.cosmopolitan.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။