ဒီဖြစ်ရပ်လေးကတော့ တရုတ်နိုင်ငံအတွင်းက တိရိစ္ဆာန်ရုံတခုမှာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်လေးဟာ အရှင်လတ်လတ်မြည်းတစ်ကောင်ကို ကျားစာကျွေးခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်တာကြေင့် လူတော်တော်များများက ပြစ်တင်ဝေဖန်ခဲ့ကြတဲ့ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။  

ဒီဖြစ်ရပ်လေးကိုရိုက်ကူးထားတဲ့ ဗီဒီယိုလေးထဲမှာဆိုရင်လည်း တာဝန်ရှိသူတွေဟာ မြည်းအရှင်တစ်ကောင်ကို ကားပေါ်ကနေ ကျားတွေနေတဲ့ ခြံဝန်းထဲကို ပစ်ချခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကျားတွေဟာ မြည်းရဲ့ဂုတ်ကို ရှိသမျှအားအကုန်သုံးပြီး ဝိုင်းဟဲထားထားကြတောကြောင့် မြည်းခင်ဗျာမှာ နာကျင်လွန်းလို့ အသံတောင်မထွက်နိုင်တော့တာတွေ့ရပါတယ်။  

ကျားတွေကိုအစာကျွေးချင်ရင်လည်း သေဆုံးနေတဲ့ တိရိစ္ဆာန်လေးတွေရဲ့အသားကိုကျွေးလို့ရပေမယ့် အခုလိုအရှင်ရှင်လတ်လတ်မြည်းတစ်ကောင်ကို ချကျွေးခဲ့တာက လူမဆန်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောကြားနေကြတာကိုတွေ့ရပါတယ်။

ဒါ့အပြင် ဒီဗီဒီယိုလေးကို မြင်တွေ့ခဲ့ရတဲ့ အွန်လိုင်းသုံးစွဲသူတွေဟာဆိုရင်လည်း မြည်းလေးခမျာ ဘယ်လောက်နာကျင်နေလိုက်မလဲ သူ့ခင်ဗျာ အရှင်လတ်လတ်ငရဲကြနေရသလိုပဲ လုပ်ရပ်လိုက်ကြတာ ဆိုပြီး စိတ်မကောင်ဖြစ်နေကြတာတွေ့ရပါတယ်။

ပရိသတ်တွေရော ဒီဗီဒီယိုလေးကိုမြင်ပြီး ရင်ထဲမှာဘယ်လိုခံစားနေရလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

source _ Stuff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။