ပြည်တွင်း မကြားခဏကြားနေရတဲ့ ခိုးဆိုးလုယက်မှုတွေထဲမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကိုးကွယ်ရာစေတီဌာပနာဖောက်မှုတွေကလည်း အတော်အတင့်ဖြစ်ပေါ်လာတာတွေ့ရပါတယ်။ ဆိုးရွားလာတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေနဲ့ ဘာသာ သာသနာပျောက်စိတ်တွေကြောင့် ကြောက်စရာဖြစ်ရပ်ဆိုးကြီးတွေကလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေတာတွေ့ရပါတယ်။ အဆိုပါ စေတီပုထိုးဖောက်ထွင်းမှုတွေထဲ ပြည်မြို့ရှိသမိုင်းဝင်ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်တဲ့ သရေခေတ္တရာပျူမြို့ ဟောင်းအပြင်တောင်ဘက်ရှိလေးမျက်နှာဂူဘုရားလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

ယင်းဘုရားကတော့ ဘောဘောကြီး ဘုရား နှင့် ဗဿနိုးဘုရင်မ သင်္ချိုင်း အကြားတွင်ရှိပြီး ဇန်နဝါရီ ၁၆ရက်နေ့မကြာသေးမီလောက်က ဖောက်ထွင်းခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး" ဖောက်ထွင်းသူများအနေဖြင့် ဘုရားအတွင်း ဋ္ဌာပနာရှိသည်အထင်နှင့် ဖောက်သွားခြင်းဖြစ်ပြီး တစ်ရက်လျှင် နည်းနည်းချင်း ဖောက်သွားသည့် ပုံစံဖြစ်ကြောင်း" ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု)ကပြောပြခဲ့ပါတယ်။ "လုံခြုံရေးဌာနမှူး က ၁၇ရက်နေ့ကသိတာ ။ တောထဲလည်းဖြစ်နေတော့ မသိဘူး ။ ဘုရားအပေါ်မှာ ဘုရားဖူးတွေက ခဲတွေတင်ကြတာဆိုတော့ အဲ့ဒီလိုတင်ထားတယ်ပဲထင်တာ ။ နောက်မှ မူမမှန်လို့ တက်ကြည့်ရာကနေ အပေါက်ကြီးတွေ့တာပဲ " ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု) ကမ္ဘာ့အမြေအနှစ် ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က ပြောပါတယ်။  

ဖောက်ထွင်းခံရသည့် ဘုရားအား ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု)၏ သာမန် သုံးငွေထဲက ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းခေါင်းစဉ်ဖြင့် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဘုရားမှာ ယခင်က အောက်ခံအုတ်ခုံသာရှိပြီး လွန်ခဲ့သည့် အနှစ် ၂၀ ကျော်အချိန်က အပေါ်ပိုင်းကို အလှူရှင်ဖြင့် ပြန်လည်ပြုပြင်ထားခြင်းဖြစ်ကာ မည်သည့် ဋ္ဌာပနာပစ္စည်းမျှမရှိကြောင်း သိရပါတယ်။ ပြောင်းလဲလာတဲ့ လူသားတို့ရဲ့ ကြောက်စရာစိတ်ဓာတ်တွေနဲ့ လောဘတွေကတော့ပရိသတ်တွေတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Photos - zin thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။