ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ ယီမင်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့ ဟိုဒေးဒါမှာ စောင့်ကြည့်မယ့် လေ့လာသူ ၇၅ ယောက်ကို အတည်ပြုလိုက်ပြီလို့သိရပါတယ်။

၎င်းအတည်ပြုချက်ကိုတော့ ကုသမဂ္ဂလုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က တညီတညွတ်တည်း အတည်ပြုခဲ့တာပဲဖြစ်ပါတယ်။

၎င်းလေ့လာစောင့်ကြည့်သူတွေကတော့ ဟိုဒေးဒါ ဆိပ်ကမ်းမြို့မှာ အပစ်အခတ် ရပ်စဲရေးနဲ့ စစ်ဖြစ်နေတဲ့ ၂ ဘက်လုံးက တပ်တွေကို ပြန်ပြီး နေရာချထားရေး အချိန် ၆ လကြာ စောင့်ကြည့်ကြမှာပဲဖြစ်ပါတယ်။

အရင်လတုန်းက ဆွီဒင်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းမှာဆိုရင်လည်း အီရန်နဲရဲ့ မဟာမိတ် ဟူသီအုပ်စုနဲ့ ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရတပ်တွေကြား ဟိုဒေးဒါ ဆိပ်ကမ်းမြို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့ပေမယ့် တိုက်ပွဲတွေက ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်တယ်လို့သိရပါတယ်။  

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။