ပရိတ်သတ်ကြီးရေ အဆိုတော်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာအလုပ်တွေကို သူငယ်ရွယ်စဉ်အချိန်ကတည်းက တစ်စိုက်မက်မက် လုပ်ဆောင်လာခဲ့တဲ့ တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။တေးသီချင်းတွေသီဆိုပြီး အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လာခဲ့တဲ့ စိုင်းစိုင်းက အရမ်းကိုအောင်မြင်နေတာပါနော်။သူရဲ့ တေးသီချင်းတွေဟာဆိုရင်လည်း ပရိတ်သတ်တွေရဲ့ရင်ကို တိုက်ရိုက်ရောက်အောင် သီဆိုနိုင်ခဲ့လို့ ပရိတ်သတ်တွေကြားအရမ်းကို ရေပန်းစားခဲ့ပါတယ်။

စိုင်းစိုင်းက တေးသီချင်းတွေကို စတင်သီဆိုလာပေမယ့် နောက်ပိုင်းမှာတော့ ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။စိုင်းစိုင်းရဲ့ဇာတ်ကားတွေဟာဆိုရင်လည်း ပရိတ်သတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိလို့ စိုင်းစိုင်းကတော့ စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။စိုင်းစိုင်းက ရှမ်းတိုင်းရင်းသားလေးဖြစ်လို့ ချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့အပြင် စိတ်သဘောထားဖြူစင်သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ကတော့ ပေါများပါတယ်။

စိုင်းစိုင်းက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း တစ်ကားပြီးတစ်ကားရိုက်နေတဲ့အပြင် သီချင်းအသစ် အသစ်တွေကိုလည်း ဖန်တီးနေပါတယ်။စိုင်းစိုင်းဟာဆိုရင် မိန်းကလေးပရိတ်သတ်တွေရဲ့ကြားမှာ အရမ်းကို စန်းပွင့်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။အခုချိန်ထိ အရွယ်မကျသေးဘဲ နုပျိုနေဆဲဖြစ်တာကြောင့် ပုရိသအများစုကတော့ အားကျနေရပါတယ်နော်။စိုင်းစိုင်းက သူသင်ကြားခဲ့ဖူးတဲ့ YUFL ရဲ့ မွေးနေ့မှာ ဘန်နီတို့ ဂျီဖတ်တို့နဲ့ အတူတူ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

Source:Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။