ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ သားဦးလေးကို ကိုယ်ဝန်လွယ်ထားရပြီး မကြာခင်မှာပဲ ကြည်နူးပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်တော့မှာပဲ ဖြစ်ပါတယ်..။

ချစ်ခင်အလိုလိုက်တတ်တဲ့ ခင်ပွန်းသည်နဲ့အတူ သားဦးလေးတစ်ယောက်တို့နဲ့ မကြာခင်မှာ ကြည်နူးပျော်ရွှင်စရာ မိသားစု ဘဝလေးကို ဖြတ်သန်းတော့မယ့် နန်းမြတ်ကတော့ သားဦးလေးကြောင့် ရင်ခုန်စွာနဲ့ ပျော်နေပါတယ်နော်..။

မိခင်လောင်းလေး နန်းမြတ်ကတော့ လှူဒါန်းမှုလေေးတွကိုလည်း ဆက်တိုက်ပြုလုပ်နေသလို အခုလတ်တလောမှာလည်း နန်းမြတ်လေးတစ်ယောက် မိခင်ဖြစ်သူနဲ့အတူ တရားစခန်းဝင်နေတယ်လို့ ဆိုပါတယ်..။

ကျောက်တန်းမြို့နယ်၊ ဓမ္မဒါယာဒါသဒ္ဒမ္မရံသီရိပ်သာမှာ (၉)ရက်တာ ဝိပဿနာတရားများ ကြိုးစားအားထုတ်ခဲ့ပြီး ဆွမ်းတွေလည်း ဆက်ကပ်လှူဒါန်းခဲ့ပါသေးတယ်တဲ့..။

သားသားကို ကိုယ်ဝန်ဆောင်ချိန် ဒီလိုကုသိုလ်ပြုလုပ်ရတဲ့အတွက်လည်း ပိုပြီးပီတိဖြစ်မိသလို

သူ့အတွက်လည်း လောကုတ္တရာပါရမီအထောက်အပံ့ဖြစ်ပါစေဆိုပြီး ဆုတောင်းစကားလေးဆိုထားသလို ပရိသတ်တွေသာဓုခေါ် ကုသိုလ်ယူနိုင်ဖို့အတွက်လည်း မျှဝေထားတာလည်း တွေ့ရပါတယ်..။

သာဓုခေါ်စရာ အလှူလေးတွေနဲ့ ဝိပဿနာတရားတွေကိုလည်း ကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့တဲ့ မိခင်လောင်းလေး နန်းမြတ်လေးရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ အသည်းကျော် ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နန်းမြတ်ဖြိုးသင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။