အဆိုတော်အားတီဟာ အမိုက်စားတီးလုံးတွေဖန်တီးတတ်ပြီး အမြဲခပ်မိုက်မိုက် ကိုယ်ပိုင်သီချင်းလေးတွေ ရေးသားသီဆိုသူတစ်ဦးပါ။ " ညမွှေးပန်း " သီချင်းလေးနဲ့ ပရိတ်သတ်တွေပိုပြီး သတိထားမိလာတာလည်း ဖြစ်ပါတယ်။ Music Video လေးတွေရိုက်ကူးရာတွင်လည်း ဆန်းသစ်တဲ့ Idea လေးတွေနဲ့ပုံဖော် ရိုက်ကူးတတ်သူပဲ ဖြစ်ပါတယ်။  

အဆိုတော် အားတီဟာ အဆိုကောင်းရုံတင်မကဘဲ သူ့ရဲ့အမူအရာလေးတွေကလည်း သူ့ရဲ့ပရိတ်သတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ သူဟာဂီတလမ်းကြောင်းတွင် လျှောက်လှမ်းနေရုံတင်မကပဲ " ချဉ်၊ငံ၊စပ် " စားသောက်ဆိုင်လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ " Moving Colors " ဆိုတဲ့ တေးစီးရီး Album အသစ်လေးထွက်ရှိထားပါတယ်။ ဒီအခွေလေးထဲမှာ ထူးခြားဆန်းသစ်တဲ့ သီချင်းအမိုက်စားများကို ခံစားနားဆင်ရမှာပဲ ဖြစ်ပါတယ်။  

ပရိတ်သတ်တွေရဲ့အားပေးမှုတွေနဲ့ဂီတလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အားတီတစ်ယောက်ကတော့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အခွီvideo လေးတစ်ခုတင်ထားပါသေးတယ်။ ဒါကတော့ သူနဲ့ သူ့မိတ်ကပ်ဆရာမတို့ရဲ့ သီချင်းဆိုထားတဲ့ ဗီဒီယိုဖိုင်လေးပါ။ အားတီဟာ သူ့ မိတ်ကပ်ဆရာမ သီချင်းဆိုတာမြန်လွန်းတာကို နောက်ထားတာလေးပါ။ ပရိတ်သတ်ကြီးလည်းကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Ar T 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။