"ချစ်ခြင်းမေတ္တာကိုသိမ်းထားလို့မရဘူး၊ ထုတ်ဖော် ပြောကြားကြတယ်။ အချစ်မေတ္တာအတွက် အဖေတို့ရှင်သန်ကြတယ် သေဆုံးကြတယ်။ အချစ်ကနတ်ဘုရား ဖြစ်ပြီး နတ်ဘုရားကလည်း အချစ်ပဲဖြစ်တယ်။ ကျွန်တော်ဖော်ပြမဲ့ စာတွေကတော့ အိုင်းစတိုင်းက သူ့ရဲ့သမီးကို ရေးပို့ပေးထားတဲ့ အချစ်မေတ္တာနဲ့ပတ်သတ်တဲ့ အကြောင်း ဖော်ပြထားတဲ့ စာလေးပဲ ဖြစ်ပါတယ်။ ဒီစာလေးကို (၁၉၇၈)ခုနှစ် ကျော်မှ အခြားသူတွေကို သူပို့ဘူးတဲ့စာတွေနဲ့အတူ ဖော်ပြခဲ့ပါတယ်။ '' "အဖေ Relatively သီအိုရီကိုဖော်ပြခဲ့တုန်းက လူအနည်းကသာ အဖေ့ရဲ့ သီအိုရီကို နားလည်လက်ခံခဲ့တယ်၊ အခု အဖေပြောပြမှာက အဖေတို့လူသားတွေ နားလည်မှုတွေလွဲ၊ တစ်ဖက်ပိတ်တွေ ဘာကြောင့်ပြောင်းလဲ လာကြတယ်ဆိုတာကိုပါ။

အဖေမင်းကိုမေးချင်တာက ခုပြောပြမဲ့အကြောင်းတွေကို နှစ်တွေ၊ ဆယ်စုနှစ်တွေ၊ ကမ္ဘာကြီးးက လက်ခံနိုင်ပြီလို့ယူဆရတဲ့ အချိန်မှ ပြောပြဖို့သိမ်းဆည်း ထားနိုင်မလားဆိုတာပါ။ သိပ္ပံပညာက ရှင်းလင်းမပြောပြနိုင်တဲ့ အလွန်ကြီးမားတဲ့ စွမ်းအားတစ်ခုရှိတယ် သမီးရဲ့။ အဲ့ဒီစွမ်းအားထဲမှာ အားလုံးနဲ့ သတ်ဆိုင်နေတယ် ပြီးတော့ သူဟာစကြာဝဠာ သဘာဝဖြစ်စဉ် တစ်ခုသာဖြစ်ပြီး အဖေတို့တွေကတော့ အသိအမှတ်မပြုမိပဲနေကြတယ်။ အဲ့ဒီ သဘာဝလွန်စွမ်းအားကတော့ အချစ်ပဲဖြစ်တယ်။

သိပ္ပံပညာရှင်တွေက သူတို့မတွေ့ရှိဘူးတဲ့ စကြာဝဠာမှ သီအိုရီအသစ်တွေကို ရှာဖွေနေကြတယ် ဒါပေမယ့် သူတို့မေ့နေကြတာက သူတို့မမြင်ဘူးသေးတဲ့ စွမ်းအားအကောင်းဆုံး အရာတစ်ခုဆိုတာပဲသမီးရဲ့။ အချစ်က ထွန်းလင်းပေးတဲ့သူရော လက်ခံရရှိတဲ့သူပါ တောက်ပစေတဲ့ အလင်းရောင်တစ်ခု။ အချစ်ကဆွဲအားတစ်ခု ဘာကြောင့်ဆို သူကလူတစ်ယောက်က တစ်ယောက်ကို ညှိ့ငင်စေနိုင်လို့။ အချစ်ကစွမ်းအား အတ္တတွေပျောက်ဆုံးစေပြီး လူသားဆန်အမှုတွေကိုဖြစ်ပေါ်စေလို့။ အချစ်ကိုသိမ်းထားလို့မရဘူး၊ ထုတ်ဖော်ပြောကြားကြရတယ်။ အချစ်အတွက် အဖေတို့ရှင်သန်ကြတယ် သေဆုံးနေကြတယ်။ အချစ်ကနတ်ဘုရား ဖြစ်ပြီး နတ်ဘုရားကလည်းအချစ်ပဲဖြစ်တယ်။

ဒီစွမ်းအားက အရာအားလုံးကိုပြောပြပြီးတော့ ဘဝရဲ့အဓိပ္ပာယ်ကို ရှင်းလင်းစေတယ်။ ဒါကအဖေတို့တတွေ အကြာကြီး လျစ်လျူရှုထားကြတဲ့ ကိန်းသေတခုပဲ၊ ဘာကြောင့်ဆို အဖေတို့တွေ ချစ်မေတ္တာကို ကြောက်နေကြလို`့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကတစ်ခုတည်းသော သင်စရာမလိုတဲ့ စွမ်းအားတစ်ခုဖြစ်နေနိုင်လို့ပာ သမီး။

မေတ္တာတရားကိုမြင်နိုင်တာတစ်ခုကတော့ အဖေဖန်တီးခဲ့တဲ့ နာမည်ကျော် E=mc2 ညီမျှခြင်းလေးဖြစ်ပါတယ်။

(ဘာလဲဆိုတော့ ကိုယ်ကသူများကိုမေတ္တာပေးရင် ကိုယ်လည်းကိုယ်ပေးတဲ့ အကျိုးကိုပြန်ရတာပဲ)။ ချစ်မေတ္တာကနေ ကမ္ဘာကြီးကို ပြန်လည်ကုစားဖို့ အလင်းထက် နှစ်စအားကောင်းတဲ့စွမ်းအင်ကို ရရှိကြတယ်။ အဆုံးသတ်ပြောပြချင်တာက မေတ္တာက စွမ်းအားအကြီးဆုံလက်နက်တစ်ခုပဲ ဘာလို့ဆို သူ့မှာကန့်သတ်ချက်မှမရှိတာကွယ်။

လူသားမျိုးနွယ်ကြီးက ငါတို့ဆန့်ကျင်နေတဲ့စွမ်းအင်တွေကို ထိန်းချုပ်အသုံးချနေတဲ့အချိန်မှာ အဖေတို့တွေက အခြားစွမ်းအင်တမျိုးကို အရေးတကြီးလိုအပ်နေပါတယ်။

အဖေတို့တွေ လူ့သားမျိုးနွယ်ကြီးသက်ဆိုးရှည်ချင်ရင်၊ ဘဝရဲ`့အဓိပ္ပာယ်ကိုရှာဖွေချင်ရင်၊ ကမ္ဘာလောကကြီးကို ထိန်းသိမ်းချင်ရင် ချစ်မေတ္တာသာ တစ်ခုတည်းသော အဖြေဖြစ်တယ်။ အဖေတို့တွေက အမုန်းတွေ၊ အတ္တတွေ၊ ဒီဂြိလ်ပေါ်မှာရှိတဲ့လောဘတွေ အားလုံးပျောက်ကွယ် သွားစေနိုင်တဲ့ ပေါက်ကွဲစေနိုင်တဲ့ မေတ္တာဗုံးတစ်လုံးလုပ်ဖို့ အသင့် မဖြစ်သေးလို့လည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးချင်းစီရဲ့ စွမ်းအားကသေးငယ်ပေမယ့် စွမ်းအားကြီးတဲ့ ချစ်မေတ္တာဆိုတာကြီးကတော့ ထုတ်လွတ်ဖို့ စောင့်နေရှာတယ်။ အဖေတို့ ပေးဖို ၊ လက်ခံဖို့သင်ယူနေတဲ့အချိန်မှာ ချစ်မေတ္တာက အရာအားလုံးကို သိမ်းပိုက်နိုင်တယ်၊ အတားအဆီးတွေကိုဖြတ်ကျော်နိုင်တယ် ဆိုတာမြင်တွေ့ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ချစ်မေတ္တာဆိုတာ ဘဝအတွက် ပြီးပြည့်စုံတဲ့ သင်ခန်းစာတစ်ခုမလို့ပဲ။

အဖေအခု အဖေ့ရဲ့ နှလုံးသားမှာ ဖြစ်ပေါ်ဘူးတဲ့ သမီးနဲ့ ပတ်သတ်တဲ့အရာတွေကို ဖော်ပြနိုင်စွမ်းမရှိခဲ့လို့ လုံးဝနောင်တ ရနေရတယ်။ တောင်းပန်ဖို့နောက်ကျချင် ကျနေပါလိမ့်မယ်။ ဒါပေမဲ့လေ အချိန်က ဆက်သွယ်မှုဖြစ်နေတာပဲလေ၊ နောက်ဆုံးအဖေပြောချင်တာကတော့ သမီးကိုအဖေချစ်တယ် ပြီးတော့ဒီစာကို အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။''

သမီးရဲ့အဖေ

Albert Einstein

Source : Run Myanmar Run

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။