ပရိသတ်ကြီးရေ.. ကြည်နူးအားကျစရာ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံလေးကတော့ အမွှာသမီးလေးတွေရဲ့ နာမည်တွေနဲ့ “ခေတ်သစ်” ဖောင်ဒေးရှင်းလေးတစ်ခုကို တည်ထောင်လိုက်ပါပြီ..။

ကလေးငယ်လေးများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရည်ရွယ်ပြီး အဆိုတော်လင်းလင်း၊ ချစ်သုဝေနဲ့ အမွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့က ငွေကျပ်သိန်းနှစ်ရာ မတည်ပြီး "ခေတ်သစ်"ဖောင်ဒေးရှင်းကို စတင်တည်ထောင်လိုက်တာပဲ ဖြစ်ပါတယ်..။

အသည်းကျော်လေးနှစ်ယောက်ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ကတော့ ဖောင်ဒေးရှင်း အခမ်းအနားပွဲလေး မတတ်ခင်ကတည်းက ဒီဇိုင်နာမင်းသက်စံရဲ့ မြန်မာဝတ်စုံဖက်ရှင်လေးတွေနဲ့ ပွဲတတ်ဖို့ ပျော်ရွှင်ခုန်ပေါက်နေကြပြီး အသည်းယားစရာကောင်းအောင် ချစ်ဖို့ကောင်းနေကြပါသေးတယ်..။

“ခေတ်သစ်” ဖောင်ဒေးရှင်းကိုတော့ ဇန်နဝါရီ(၁၉)ရက်နေ့မှာ စတင်ဖွဲ့စည်းသွားမှာဖြစ်ပြီး ဖောင်ဒေးရှင်းက အလှူငွေများကို အသက်(၅)နှစ်အောက် ကလေးငယ်လေးများရဲ့ ကျန်းမာရေး စောင့်ရှောက်မူအတွက်ရည်ရွယ်ပြီး အမှန်တကယ်ခွဲစိတ်စရိတ် လိုအပ်နေတဲ့ ရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးရဲ့ "ခေတ်သစ် ဖောင်ဒေးရှင်း" မိတ်ဆက်ပွဲ အခမ်းအနားလေးကို ဇန်နဝါရီလ (၁၇) ရက်နေ့က ရန်ကုန်၊ Wyndham Grand Yangon Hotel မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

ဖောင်ဒေးရှင်းပွဲ မတတ်ခင် မြန်မာဝတ်စုံလေးတွေနဲ့ ပျော်မြူးပြီး ချစ်စရာကောင်းနေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ချစ်စရာလှုပ်ရှားမှု ဗီဒီယိုလေးတွေနဲ့ အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ချစ်သုဝေ၊ မင်းသက်စံ၊ Sweet & Smart

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။