အချေမင်းသမီးလေးလို့ အလှသတင်းကြီးတဲ့ ပြည်သူအချစ်တော် ထိပ်တန်းမင်းသမီးလေး ရွှေမှုန်ရတီဟာ သူမအသက် (၁၆) နှစ်ဝန်းကျင်မှာပဲ တက်သစ်စမင်းသမီးလေးအဖြစ် စတင်သရုပ်ဆောင်ခဲ့ပြီး သူမရဲက လက်ဦးဆရာတွေ ဖြစ်တဲ့ လူမင်း၊ ခန့်စည်သူ၊ မြင့်မြတ်၊ နေတိုး တို့ရဲ့ အနုပညာပျိုးခင်း မြေတောင်မြှောက်ပေးမှုကနေ သူမရဲ့ ကိုယ်ပိုင်သရုပ်ဆောင်အရည်အချင်းပါပေါင်းစပ်လို့ဆက်လက်အောင်မြင်မှု ရရှိခဲ့သူလေးပါ။

ရုပ်ရှင်နဲ့ ကြော်ငြာတွေကို ခပ်စိတ်စိတ်လုပ်ဆောင်နေရပြီး အောင်မြင်ပြီး စန်းရှိတဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတစ်ယောက်အနေနဲ့ သူမ ချစ်သူ အဆိုတော် ရွှေထူးနဲ့ ချစ်သူဖြစ်ပြီး မကြာခင်အချိန် လအနည်းငယ်လေးမှာ လက်ထပ်ခဲ့ကြပြီး အရွယ်လည်းငယ်သေးတာကြောင့် နှစ်ဖက်မိဘတွေ သဘောမတူသလို ပရိသတ်တွေဘက်ကလည်း နမြောတဿ ဖြစ်ခဲ့ရပေမဲ့လည်း ခုလိုသာယာပျော်ရွှင်ဖွယ်ရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာမြင်ရတော့လည်း ပရိသတ်တွေစိတ်ချမ်းသာခဲ့ရပြန်ပါတယ်။

မိန်းမိန်း (မိန်းမ) နဲ့ ကျားကာျး (ယောကျာ်း) လို့ ချစ်စနိုး ခေါ်ဆိုတတ်တဲ့ အဆိုတော် ရွှေထူးနဲ့ သဲတို့ရဲ့ အိမ်ထောင်ရေးလေးဟာ ရိုပြီးရင်း ရိုဆန်နေသလို ကလေးလေးတစ်ယောက်လို ရွှေထူးက သဲကို ဂရုစိုက်ပြီး မျက်စိအောက်ကအပျောက်မခံနိုင်အောင် ချစ်ပေးတတ်တာကြောင့်လည်း သဲတစ်ယောက် ပျော်ရွှင်နေရပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေကို ခပ်စိတ်စိတ်ပြန်လည်လုပ်ဆောင်လာပြီး ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ မင်းသမီးလေး ရွှေမှုန်ရတီရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖော်ပြလိုရပါတယ်။

source: Shew Mhone yati;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။