ကမ္ဘာပေါ်ကလူတော်များများမှာတော့ သူတို့သဘောကျနှစ်သက်ကြတဲ့ Idol ကိုယ်စီရှိကြပါတယ်။

ကိုယ်ချစ်ခင်အားပေးတဲ့ဆယ်လီ နဲ့ပတ်သက်ပြီး အားပေးကြမ်းချက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှလည်း တူကြမှာပါ။ အချို့က ကိုယ်နှစ်သက်တဲ့အနုပညာရှင်နဲ့တူအောင် ဖက်ရှင်ပိုင်းဆိုင်ရာအမူရာအပြောအဆိုလေးတွေ တထေရာတည်းတူအောင် အတုခိုးနေလေ့ရှိသလို အချို့ကျတော့လည်း ရုပ်ရည်ပါတူအောင် ခွဲစိတ်ပြုပြင်ကြသူတွေလည်း ရှိကြပါတယ်။

ထို့အတူ အီရန်နိုင်ငံက အမျိုးသမီးလေးတစ်ဦးဟာဆိုရင်လည်း သူမအားကျနှစ်သက်ရတဲ့ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီနဲ့တူဖို့ သူမရဲ့မျက်နှာကို ခွဲစိတ်မှုပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။  

Sahar Taber လို့အမည်ရတဲ့ ၎င်းမိန်းကလေးဟာ သူမစွဲလမ်းတဲ့ အနုပညာရှင် အင်ဂျလီနာဂျီုလီနဲ့တူဖို့ ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ထားသူတစ်ယောက်ဖြစ်ပြီး ဂျိုလီနဲ့တူဖို့ သူမရဲ့မျက်နှာကို အကြိမ် ၅၀ ကျော်လောက်ခွဲစိတ်ခဲ့သူလေးပဲဖြစ်ပါတယ်။

သူမပထဆုံးခွဲစိတ်တဲ့အချိန်တွေတုန်းကတော့ ဂျီုလီရဲ့မျက်နှာနဲ့ တူဖို့ နီးစပ်လာပြီလို့ထင်ရပေမယ့် နောက်ထပ်ခွဲစိတ်မှုတွေထပ်မံလုပ်တဲ့အချိန်မှာတော့ သူမဟာ ပေါင် ၈၀ လောက်ဝိတ်ကျသွားခဲ့သလို သူမရဲ့အိမ်မက်တွေကလည်း တဖြေးဖြေးမှေးမှိန်လာခဲ့ပါတော့တယ်။

ဘာကြောင့်လဲဆိုရင် ခွဲစိတ်မှုတွေကြောင့် သူမရဲ့ရုပ်ရည်ဟာ တဖြေးဖြေးနဲ့ အကျည်းတန်ရုပ်ဆိုးလာခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

ယုံကြည်ရာတခုအတွက် ဘယ်အရာကိုမှဂရုမစိုက်ဘဲ ဖြစ်အောင်လုပ်ရဲတဲ့ သူမရဲ့စိတ်ဓာတ်လေးက လေးစားစရာကောင်းတယ်ဆိုပေမယ့် အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာကြီးကတော့ သနားစရာကောင်းလှပါတယ်။

တချို့သူတွေဟာဆိုရင်လည်း ကိုယ့်မျက်နှာကိုယ်တန်ဖိုးမထားဘဲ လျှောက်လုပ်တော့ အခုလိုဖြစ်တာနည်းတောင်နည်းသေးတယ်ဆိုပြီး ဝေဖန်ပြောဆိုနေသူတွေလည်းရှိနေပါတယ်။

တချို့သူတွေဟာဆိုရင်လည်း သူမရဲ့ပုံလေးတွေကိုကြည့်ပြီး အင်ဂျလီနာဂျိုလီနဲ့ တူမတူတော့ သေချာမပြောနိုင်ပေမယ့် ဒီပုံလေးတွေမြင်ပြီး သူမကို သနားလိုက်တာဆိုပြီး ပြောကြားနေကြပါတယ်။  

Source _ GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။