ပရိသတ်ကြီးရေဒီတစ်ပါတ်မှာ ထူးထူးခြားခြားကမ္ဘာတစ်လွှားကအကြောင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ '' နက်ရှိုင်းသောအပြာရောင်ဘီလူးကြီး '' လို့ တင်စားရလောက်တဲ့ အဖြူရောင်ငါးမန်းအကြီးစားတစ်ကောင်ကို ကင်မရာပေါ်တွင် အမိအရဖမ်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အင်္ဂါနေ့ ဟာဝိုင်ယီကျွန်း၏ကမ်းခြေတွင် လှပတဲ့ပင်လယ်အနက်ထဲသို့ ရေငုပ်လာသူ သမုဒ္ဒရာသူရဲကောင်းမတစ်ဦးက လျှပ်တပြတ်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။  

ထို အဖြူရောင်ငမန်းကြီးဟာဆိုရင် ခန့်မှန်းခြေ နှစ်၅၀သက်တမ်းရှိတာဖြစ်ပြီး အနည်းဆုံးပေ၂၀ရှည်လျားတာပဲဖြစ်ပါတယ်။ ကျွမ်းကျင်သူများရဲ့ပြောကြားချက်အရ မြင်ဖူးသမျှထဲမှာ ထိုငမန်းကြီးကအကြီးဆုံး ဖြစ်ပြီး လေထုညစ်ညမ်းမှု နှင့် အမဲလိုက်ရေမုဆိုးများရဲ့ဘေးအန္တာရာယ်တွေကို ရှောင်ရှားပြီး လွတ်မြောက်ရှင်သန်ခဲ့တဲ့ရှားပါးသတ္တဝါအကြီးစားကြီးအဖြစ် အခုထိကျန်ရစ်နေတာဖြစ်ပါတယ်။  

အဆိုပါငါးမန်းကြီးအတွက် discovery ရုပ်သံလိုင်းတစ်ခုက "sharl week"လို့ဆိုတဲ့အစီအစဉ်မှာ မှတ်တမ်းရုပ်ရှင်တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ထည့်သွင်းခဲ့တာဖြစ်ပြီး သတ္တဝါအမျိုးအစားခွဲခြားကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Mauricio Hoyos Padilla က "နက်ရှိုင်းသောအပြာရောင်ဘီလူးကြီး" ဖြင့်ချစ်စနိုးနဲ့တင်စားခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။ 2015 ခုနှစ်တွင် Padillaသည် သတ္တုငါးမန်းလှောင်အိမ်ထဲကနေ မိမိလက်နှင့်ငမန်းကြီးကိုထိအောင်ရိုက်ကူးခဲ့တဲ့ ပုံရိပ်က တစ်ကယ်ကို ရင်သက်ရှုမောဖွယ်မြင်ကွင်းပဲဖြစ်ပါတယ်။ ထိုအချိန်က ထိုငမန်းအမကြီးသည် ကိုယ်ဝန်ဆောင်ထားတာလို့ ယူဆခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ငမန်းတွေကိုတိုက်ခိုက်မှုနှုန်းဟာ ခန့်မှန်းခြေ အရ အကောင်၁၀၀မှာ ၇၀လောက်တိုက်ခိုက်ခံရပြီး ၅ကောင်မှ ၁၅ကောင်ကြားသေဆုံးမှုရှိတယ်လို့ ကမ္ဘာတစ်ဝှမ်း မှတ်တမ်းများအရသိရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေနိုင်ငံတကာကထူးခြားအံ့သြဖွယ်သတင်းထူးများအကြောင်းကို သိမှတ်ဖွယ်မှတ်သားစရာတစ်ခုအနေနဲ့မျှဝေပေးလိုက်ပါတယ်နော်။

source Mirror News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။