ရုပ်ရှင်နဲ့ သဘင်လောကမှာနာမည်ရမင်းသားတစ်ယောက်ဖြစ်တဲ့ စွမ်းဇာနည်ကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ဇာတ်သဘင်လောကရဲ့ နာမည်ရ ဇာတ်ကြီးတွေထဲမှာ စွမ်းသဘင်ကတော့ တစ်ခုပါအဝင်ပဲဖြစ်ပါတယ်။ လက်ရှိ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဇာတ်သဘင်လောကသားတွေရဲ့ရှေ့ရေးနဲ့ပတ်သက်ပြီး စွမ်းဇာနည်ကတော့ ရင်ဖွင့်ပြောကြားခဲ့တာတွေ့ရပါတယ်။ 

လက်ရှိ ပြည်တွင်း ခေတ်စားနေတဲ့ အနုပညာရပ်ဝန်းတွေနဲ့အတူ ခေတ်ပေါ် ရေစီးကျောင်းကိုလိုက်ကာ အားပေးနေသူတွေကြားမှာ မြန်မာ့ဇာတ်သဘင်လောကသားတွေရဲ့ ဘဝတွေကတော့ တိမ်ကောခဲ့ရတာပဲဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စွမ်းဇာနည်ကတော့ "ကျွန်တော်တို့ သဘင်သည်တွေကို ဘယ်သူကာကွယ်မှာလဲ ?" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။  

မြန်မာဇာတ်သဘင်ကို မြတ်နိုးတန်ဖိုးထားသူ နည်းပါးလာပြီး ရှေးမြန်မာသမိုင်းတွေကို အဓိကဖော်ကြူးလေ့ရှိတဲ့ နောက်ပိုင်းနှပါးသွားဇာတ်သဘင်တွေကတော့ ယခုခေတ်မှာ ပျောက်ကွယ်လုနီးပါးဖြစ်ပေါ်နေတာကိုတော့ အားလုံးလက်ခံမယ်ထင်ပါတယ်။ ခေတ်ရေစီးကြောင်းနှင့် မျောပါနေတဲ့ လူတွေကြားမှာ ဇာတ်သဘင်ကို တန်ဖိုးထားသူတိုင်း သိရှိနိုင်စေရန် စွမ်းဇာနည်ရဲ့ "ကျွန်တော်တို့ သဘင်သည်တွေကို ဘယ်သူကာကွယ်မှာလဲ ?" စာသားလေးနဲ့ မျှဝေပေးလိုက်ပါတယ်။

Photos - Swan Zarni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။