တေးသီချင်းလောကမှာ အောင်မြင်မှုတစ်ခုကို ရရှိထားတဲ့ အဆိုတော်မိုးမိုးကတော့ အနုပညာလောကထဲကို လျှောက်လှမ်းနေတာကြာမြင့်နေပြီဖြစ်ပြီး သူရဲ့ သီချင်းများကလည်း ပရိတ်သတ်တွေရဲ့ကြားမှာ အရမ်းရေပန်းစားခဲ့ပါတယ်။မိုးမိုးက အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေကို သီဆိုပြီး သူဆိုခဲ့တဲ့ သီချင်းများကလည်း အရမ်းကို အောင်မြင်ခဲ့ပါတယ်နော်။ 

မိုးမိုးက အခုဆိုရင် သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးလေးမှာ ချစ်ရတဲ့ မိန်းမနဲ့သမီးလေးနဲ့ အတူတူ အေးချမ်းတဲ့မိသားစုလေးဘဝကို ပိုင်ဆိုင်ထားပါတယ်။မိုးမိုးက မိသားစုတွေကိုလည်း ပျော်ရွှင်စရာများဖန်တီးပေးသလို သူရဲ့ အနုပညာအလုပ်တွေကိုလည်း တစ်စိုက်မက်မက် ကြိုးစားနေဆဲပါနော်။ 

မိုးမိုးရဲ့ တေးသီချင်းများကလည်း အမြဲတမ်းဆန်းသစ်နေပြီး ပရိတ်သတ်တွေအတွက်လည်း အမြဲတမ်းအသစ်အသစ်တွေကို ဖန်တီးနေပါတယ်။မိုးမိုးက သူရဲ့ သမီးလေးကို လည်း တုန်နေအောင်ချစ်လို့ ဘယ်သွားသွားကို ခေါ်သွားနေတော့တာပဲဖြစ်ပါတယ်။မိုးမိုးက ခရီးသွားရမှာဖြစ်ပေမယ့် မိန်းမနဲ့ သမီးလေးကို မခွဲနိုင်လို့ ကြိုပြီးလွမ်းနေရပါတယ်ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

Source:Moe Sithu Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။