ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့မက်ဆီကတော့ ကမ္ဘာတစ်ဝှမ်းကအားပေးသူအမြောက်အများနဲ့အောင်မြင် ကျော်ကြားနေတဲ့သူပဲဖြစ်ပါတယ်။ကစားသမားဘဝတစ်လျောက်ဘာစီလိုနာအသင်းမှာတောက်လျောက်ခြေစွမ်းပြဂိုးတွေနဲ့အောင်မြင်မှု တွေသိမ်းပိုက်နိုင်တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေလည်းသိမ်းပိုက်ထားပြီးဂိုးသွင်းအများဆုံးဆုတွေပါ သိမ်းပိုက်ထားနိုင်တဲ့ကစားသမား ဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေနဲ့ကလေးငယ်လေးတွေကလည်း မက်ဆီရဲ့ပုံရိပ်တိုင်းကိုအမြဲအားပေးပြီးသူ့ရဲ့ကျောနံပတ်နဲ့ ဘာစီလိုနာအသင်းရဲ့ဂျာစီကိုအမြတ်တနိုးဝတ်ဆင်ကြတာပါ။

ခုမှာတော့ပရိသတ်တွေရဲ့ကြားထဲမှာနာမည်ကြီးလာတာကတော့ဒုတိယမက်ဆီလို့တောင်တင်စားနေရတဲ့ကလေးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။အသက်ငယ်ငယ်လေးဖြစ်ပေမယ့်မက်ဆီကိုအားကျတာကြောင့်မက်ဆီနာမည်နဲ့အင်္ကျီကိုအမြဲဝတ်ဆင်တာပါ။သူ့ကိုတော့ လူမှုကွန်ရက်ကနေသူကစားတဲ့ပုံရိပ်လေးတွေကိုတွေပြီးပရိသတ်တွေကဒုတိယမက်ဆီလို့တင်စားထားတာဖြစ်ပါတယ်။ပရိသတ်တွေလည်းဒုတိယမက်ဆီလို့တင်စားထားတဲ့ကလေးလေးရဲ့ခြေစွမ်းတွေကိုကြည့်ပြီးအားပေးကြပါဦးနော်။

SOURCE:Oh My Goal - Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။