လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် " လိပ်ပြာစံအိမ် " ရုပ်ရှင်ဇာတ်ကားဟာ ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပြီး သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်တာမို့ ပရိသတ်တွေအများကြီးမျှော်လင့်ထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပုံမှန်သည်းထိတ် ရင်ဖိုဇာတ်ကားတွေလိုမဟုတ်ပဲ တစ်မျိုးလေးခွဲထွက်နေတဲ့ အမိုက်စားပုံစံတစ်မျိုးဖြစ်ပြီး ပါဝင်သူအားလုံးဟာလည်း အတော်လေးကို ပြင်းပြင်း ထန်ထန် ကြိုးစားထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ နိုင်းနိုင်း၊ အကယ်ဒမီဝတ်မှုန်ရွှေရည်နဲ့ ဒေါင်းတို့က ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်လေးတွေဖြစ်တဲ့ " ပြည့်ပြည့် " နဲ့ " တုန်တုန် " တို့ကလည်း အရွယ်နဲ့မလိုက်အောင် တော်လွန်းတဲ့ သရုပ်ဆောင်မှုတွေ ကြားမှာ ပရိသတ်တွေရင်သပ်ရှုမောနေရမှာအသေအချာပါပဲ။ ဝုန်းဒိုင်းထွက်လာတဲ့ သရဲပုံစံမျိုးမဟုတ်ပဲ နောက်ခံဇာတ်ဝင်တေးသီချင်းနဲ့တင် ထိတ်လန့်နေရမယ့် ခံစားမှုမျိုးကို ရစေမယ့် ဇာတ်ကားတစ်ကားပါပဲ။

ယခင်ကလည်း Trailer လေးထွက်ရှိခဲ့ပြီး ဒီတစ်ခေါက်မှာလည်း နောက်ထပ် အသစ်အသစ်သောဇာတ်ဝင်ခန်းတွေပါဝင်တဲ့ Official Trailer လေးကို မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒါလေးကိုကြည့်ပြီး ဖေဖော်ဝါရီထိတောင်မစောင့်ချင်တော့ဘူး အရမ်းကိုကြည့်ချင်မိသွားပြီ။ ဘယ်လို ထိတ်လန့်စရာရိုက်ကွင်းရိုက်ကွက်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားမယ်ဆိုတာတော့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စောင့်ကြည့်ကြရအောင်နော်။

Photo - လိပ်ပြာစံအိမ် The Only Mom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။