မြန်မာယူ - ၁၆ အမျိုးသမီးအသင်းသည် လာမည့်ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သြစတေးလျနိုင်ငံသို့သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲနှစ်ပွဲကစားရန်စီစဉ်ထားကြောင်း မြန်မာယူ - ၁၆ အမျိုးသမီးနည်းပြ ဒေါ်စန်းစန်းသိန်းထံမှ သိရပါတယ် ။ သြစတေးလျနိုင်ငံတွင် မြန်မာ ယူ -၁၆ ဘောလုံးအသင်းသည် သြစတေးလျ ယူ - ၁၆ ဘောလုံးအသင်းအပါအဝင် လူငယ်အမျိူးသမီးအသင်းတစ်သင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားပါတယ်။ 

အာရှ ယူ - ၁၆ ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲသို့ မြန်မာ ယူ - ၁၆ အမျိုးသမီးအသင်းအပါအဝင် သြစတေးလျ၊ တရုတ်၊ ဗီယက်နမ်၊ လာအို ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်အသင်းတို့တက်ရောက်နိုင်ခဲ့ပြီး လေးသင်းအုပ်စုခွဲကာ ယှဉ်ပြိုင်ကစားမှာပဲ ဖြစ်ပါတယ် ။ မြန်မာ ယူ - ၁၆ အမျိုးသမီးအသင်းသည် အုပ်စု(ခ)တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် အတူတူကျရောက်လျက်ရှိပြီး အုပ်စုတွင်းပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်လာမည့်ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၃ ရက်ထိ မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်ပါတယ်။

မြန်မာ ယူ - ၁၆ အမျိူးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လာမည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရုတ်အသင်းနှင့်လည်းကောင်း မတ်လ ၁ ရက်နေ့တွင် ဘင်္ဂဘားဒေ့ရှ်အသင်းနှင့်လည်းကောင်း၊ မတ်လ ၃ ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Source - Myanmar Football Federation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။