ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အရှေ့အာဖရိကတိုက်မှာ တည်ရှိတဲ့ သဲကန္တာရအကြောင်း ဖော်ပြပေးချင်ပါတယ်။ အာဖရိကတိက်မှာ သဲကန္တာရတွေ များစွာရှိတာမှန်ပေမယ့်လည်း ဒီသဲကန္တာရကတော့ အတော်လေးကို ထူးဆန်းတယ်လို့တောင် ပြောလို့ရပါတယ်။ ထိုသဲကန္တာရရဲ့ အမည်ကတော့ Danakil desert ဖြစ်ပြီး တစ်ခြား သဲကန္တာရတွေနဲ့ လုံးဝကိုမတူပါဘူး ။ 

ပုံမှန်ကြည့်လိုက်ရင် အတော်လေးကို လှပပြီး မျက်လုံးအမြင်ထဲမှာ ကြည့်ရတာ ထူးဆန်းတယ်လို့ ထင်ရပေမယ့်လည်း တစ်ကယ်တော့ အလါန်အင်မတန်မှကို အန္တရာယ်ကြီးလှတဲ့ သေမင်းတမန်ထောင်ချောက်လို့တောင်ပြောလို့ရပါတယ်။ အကြောင်းကတော့ အာ့နေရာမှာရှိတဲ့ မီးတောင်တွေနဲ့ ချော်ရည်တွေကနေ ထွက်ရှိလာတဲ့ အခိုးအငွေ့တွေဟာ လူကို သေစေနိုင်ပြီး ဒီလေထုဟာ အနီးတဝိုက်မှာ ပျံ့နှံ့လို့နေပါတယ်။ ဒါ့ကြောင့် ရှုခင်းလေးလှတယ်ဆိုပီး အနားသွားကြည့်လို့ကတော့ 

အဆိပ်ငွေ့တွေရှုမိပြီး အသက်ဆုံးရှုံးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီသဲကန္တာရအနားသွားမယ်ဆိုရင် ဓာတ်ငွေ့ကာ မျက်နှာဖုံးဝတ်မှ အဆင်ပြေနိုင်မှာပဲ ဖြစ်ပါတယ်။ တချို့သော သူတွေရဲ့စကားအရ လေယာဉ်တွေတောင် ဒီနေရာရောက်ရင် ပျက်ကျကုန်ကြတယ်လို့တောင် ပြောကြပါတယ်။ သာမန်အခြေအနေမျိုးမှာတောင် ဒီသဲကန္တာရရဲ့ အပူချိန်ဟာ 50 ံC ရှိပြီး သေမင်းတမန် နေရာလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။  

Source : Orange Smile 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။