ပရိတ်သတ်ကြီးရေ Mrtv 4 ရဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်ခြူးလေးကတော့ ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ ချစ်စရာကောင်းလောက်အောင် ပရိတ်သတ်ကြီးကို ဖမ်းစားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။သူမက Mrtv 4 ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမပါဝင်ခဲ့တဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း ပရိတ်သတ်တွေကြား အရမ်းကို ရေပန်းစားခဲ့ပါတယ်နော်။

ခြူးလေးက ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်ဖြစ်လို့ အနုပညာပါရမီပါသူတစ်ယောက်လို့လည်း ဆိုလို့ရပါတယ်။ခြူးလေးက တက်သစ်စအနုပညာရှင်လေးဖြစ်ပေမယ့် အလုပ်ကို ကြိုးစားပမ်းစားလုပ်ဆောင်တာမို့ ပရိတ်သတ်တွေလည်း အခိုင်အမာ ရရှိထားတာဖြစ်ပါတယ်။သူမက လူငယ်ပီပီ ပျော်ပျော်ရွှင်ရွှင်အေးချမ်းစွာနေတတ်သူတစ်ယောက်ဖြစ်လို့လည်း အပေါင်းအသင်းမိတ်ဆွေများကလည်း သူမကို ချစ်ကြပါတယ်။

ခြူးလေးက အခုနောက်ပိုင်း အနုပညာအလုပ်တွေကို ခြေလှမ်းစိပ်စိပ်လှုပ်ရှားလာပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေကလည်း အများကြီးဖြစ်နေပါပြီနော်။ခြူးလေးကို အားပေးတဲ့ ပရိတ်သတ်ကြီးကလည်း တစ်ခဲနက်ကို အားပေးကြတာဖြစ်ပါတယ်။အခုဆိုရင် ခြူးလေးက သူမရဲ့ ငယ်ဘဝကနေ ယခုထိ ၁၅နှစ်တာ ပြောင်းလဲခဲ့တဲ့ Challenge ကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်နော်။

Source:Chue Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။