ကမ္ဘာ့နိုင်ငံတွေအလည်မှာ မြန်မာအလံကိုလူသိရှင်ကြားပြသနေတဲ့ လက်ဝှေ့ဖိုက်တာမလေးတွေထဲမှာ ဗြိတိန်သူလေး Nicola Barke လည်း တစ်ယောက်အပါအဝင်ဖြစ်နေတာကို အားလုံးလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ သူမကတော့ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်နယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ပွဲတွေထိုးသတ်နေပြီး နိုင်ပွဲတိုင်းကို မြန်မာ့အလံလွှင့်အောင်ပွဲခံတက်သူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။ Nicola Barkeရဲ့ ဖေ့စ်ဘွက်အကောင့်ကတော့ သူမလေးစားအားကျရတဲ့မြန်မာ့ကိုယ်စားပြုကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းနှင့်ဆင်တူတဲ့ Nicola The Burmese Python ဟူ၍ အမည်ပေးထားတာတွေ့ရပါတယ်။  

သူ့မရဲ့ မိခင်ကတော့ မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာတစ်ယောက်ပါတဲ့ ။ ဗြိတိန်မှာ မွေးဖွား ကြီးပြင်းခဲ့ပေမယ့် သူမအမေရဲ့အမွေကို ခံယူတဲ့အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်နေကြောင်း သိရပါတယ်။ Nicola The Burmese Pythonကတော့ လက်ရှိ ပြိုင်ပွဲများစွာကိုပါဝင်ယှဉ်ပြိုင်နေပြီး မြန်မာ့အလံကို နိုင်ငံတကာကြားမှာ လွှင့်ထူပေးလေ့ရှိတာလည်း တွေ့ရပါတယ်။ Nicola The Burmese Pythonကတော့ သူမလေးစားအားကျရတဲ့ အောင်လအန်ဆန်းရဲ့ သမိုင်းဝင်ပွဲတစ်ပွဲကို ချီးကြူးဂုဏ်ပြုထားတာတွေ့ရပါတယ်။  

အဆိုပါ ပြိုင်ပွဲကတော့ NGALANI နှင့်ထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး နိုင်ငံအသီးသီးက MMA ကစားသမားတိုင်းကို လွှမ်းမိုးနိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်။ မယုံနိုင်လောက်တဲ့ ပုံစံမျိုးတွေနဲ့ ကစားပြခဲ့ပြီး ပရိသတ်အားပေးမှုတခဲနတ်ရရှိခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။ Nicola The Burmese Pythonအတွက် လေးစားအားကျရတဲ့ အောင်လအန်ဆန်းရဲ့ ပွဲကောင်းတစ်ပွဲကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Video - One Championship  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။