ပရိသတ်ကြီးရေ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်အများအပြားရဲ့ အားပေးမှုကိုလက်ခံရရှိထားတဲ့ မင်းသမီးဝါဆိုမိုးဦးကို သိကြမယ်ထင်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားဟာတစ်ကယ့်ကို ဆွဲဆောင်မှုရှိတာဖြစ်ပြီး ပုရိသတွေရဲ့ ဝန်းရံအားပေးမှုကို တစ်ခဲနက်လက်ခံရရှိထားတာပဲဖြစ်ပါတယ်။ သူမရဲ့ မျက်နှာလေးဟာဆိုရင် လည်း အရမ်းကိုချစ်ဖို့ကောင်းတာဖြစ်ပြီး အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေကပါ ကြိုက်နှစ်သက်လျက်ရှိတာပဲဖြစ်ပါတယ်။  

သူမရဲ့အချစ်ရေးဟာဆိုရင် လည်းအဆိုတော် ဖြိုးလေးနဲ့အတူ တည်ငြိမ်အေးချမ်းတဲ့ ချစ်သူဘဝကို ဖြတ်သန်းတည်ဆောက်လျက်ရှိတာပဲဖြစ်ပါတယ်။ သူမဟာဆိုရင်သရုပ်ဆောင်ဝါသနာပါတာတင် မဟုတ်ပဲ အဆိုဝါသနာအိုးလေးလည်းဖြစ်ပါတယ်။ ဖြိုးလေးနဲ့ အတူသီဆိုထားတဲ့ သီချင်းထွက်ရှိတော့မယ်လို့လည်းဆိုထားပါတယ်။ သူမရဲ့ အမူအရာ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေက တဖြည်းမြင့်သထက် မြင့်လာတာပဲဖြစ်ပါတယ်။ 

ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် သူမရဲ့ အနုပညာလှုပ်ရှားကနေ တစ်နေ့တာလှုပ်ရှားက အစ တလေးတစား မျှဝေဖော်ပြပေးလျက်ရှိတာပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်ပရိသတ်ကြီး ကလည်း အခုလိုရိုးသားပွင်းလင်းတဲ့ အပြုအမူတွေကြောင့် တစ်နေ့ထက်တစ်နေ့ အချစ်တွေပိုလာတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ သူမရဲ့ official facebook စာမျက်နှာပေါ်တွင် သဘာဝအတိုင်း အလွန်ကိုချောမောလှပတဲ့ ညအိပ်ရာဝင်ပုံရိပ်များကို "မအိပ်ခင်လေး နထရယ်ဗျူးတီးလေးနဲ့ဆယ်ဖီဆွဲ အားလုံးပဲ ဂွတ်ညပါရှင့်" လို့ဆိုတဲ့ ချစ်စဖွယ်စာသားလေးတွေနဲ့အတူ ထုတ်ဖော်တင်ဆက်ထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။