ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာဖတ်ကြားခွင့်ရခဲ့တဲ့ အကယ်ဒမီ အူဝဲ

အကယ်ဒမီပွဲဆိုတာ မြန်မာနိုင်ငံရဲ့ အနုပညာရှင်များနဲ့ပတ်သတ်ပြီး ကျင်းပတဲ့ အကြီးမားဆုံးပွဲတစ်ခုဖြစ်သလို အနုပညာရှင်များအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲ ဆိုလည်းမမှားပါဘူး။

တစ်နှစ်အတွင်း ဖန်တီးခဲ့ကြတဲ့ အနုပညာတွေ ရုပ်ရှင်ဇာတ်ကားတွေကို အကဲဖြတ်အမှတ်ပေးစိစစ်ပြီး အကောင်းဆုံး အနုပညာရှင်တွေ အမှန်တကယ် စစ်မှန်ထိုက်တန်တဲ့ အနုပညာရှင်တွေကို ဆုပေးတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတနှင့်ဇနီး ပြည်နယ်နှင့်တိုင်းဝန်ကြီးများ အနုပညာရှင်များ မော်ဒယ်များ သတင်းမီဒီယားသမားများ တက်ရောက်ခဲ့ကြပါတယ်။ အကယ်ဒမီဆုပေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့ပေးသော သဝဏ်လွှာကို အကယ်ဒမီအိန္ဒြာကျော်ဇင်မှ ဖွင့်လှစ်ဖတ်ကြားပေးခဲ့ပါတယ်။

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။