ပရိသတ်ကြီးတို့ အားလုံးရဲ့ အချစ်တော် အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသားချောဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ စုံတွဲလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်..။

ရိုးအေးကာ ချစ်စရာကောင်းလွန်းတဲ့ သူတို့စုံတွဲလေးကတော့ ဝါသနာတူ ရည်ရွယ်ချက်ချင်း တူညီတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တာမို့လည်း ရှေ့သွားနောက်လိုက်နဲ့ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်း အမြဲလိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးပါပဲ..။

ခီမောင်နှံလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ သူတို့စုံတွဲလေးကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုလည်း အခိုင်အမာရရှိထားကြတာ တွေ့ရပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် စုံတွဲလေးဖြစ်တဲ့ သရုပ်ဆောင်မင်းသားဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ စုံတွဲလေးကိုတော့ မြန်မာနိုင်ငံတွင်း ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာစေဖို့နဲ့ နိုင်ငံတကာက ပိုမိုသိရှိလာစေဖို့အတွက် မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း သံတမန် အဖြစ်ခန့်အပ်ခံလိုက်တယ်လို့ သိရပါတယ်..။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး သံတံမန်အဖြစ် ခန့်အပ်ပွဲအခမ်းအနားကိုတော့ ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လည်ပိုင်းက Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

အခုလို ကိုယ့်နိုင်ငံအတွက် တစ်ဖက်တစ်လမ်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာမိတဲ့ အကြောင်းလေးကိုလည်း ခီမောင်နှံက အင်တာဗျူးတွေမှာ ပရိသတ်တွေကို ပြောပြထားပြီး လာမယ့် ပထမဦးဆုံးအနေနဲ့ လာမယ့် ဇန်နဝါရီ(၂၆)ရက်နေ့မှာYangon Steps ကိုလုပ်ဖို့ရှိပြီး မနက်(၅)နာရီမှာ ရန်ကုန်မြို့မှာရှိတဲ့ စိတ်ဝင်စားစရာနေရာတွေကို လမ်းလျှောက်သွားမှာမို့ ပရိသတ်တွေအားလုံးကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်..။

Photo - ဇဏ်ခီ၊ ခရစ္စတီးနားခီ၊ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။