ချဲလ်ဆီးအသင်းသည် ဇန်နဝါရီလအပြောင်းအရွှေ့ကာလမပြီးဆုံးမီ ဂျူဗီတပ်အသင်းကစားသမား ဟီဂူအင်ကိုရာသီကုန်အထိ အဌားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း Sky Sports ကဖော်ပြခဲ့သည်။ ဟီဂူအင်သည် ချဲလ်ဆီးအသင်းသို့ အဌားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနိုင်ရေးအေစီမီလန်အသင်းနှင့်ချုပ်ဆိုထားသော အဌားစာချုပ်ကို ဖျက်သိမ်းသွားဖွယ်ရှိနေသည်။ 

ချဲလ်ဆီးအသင်းသည် ဟီဂူအင်ကို အဌားစာချုပ်ဖြင့်ခေါ်ယူရာတွင် ရာသီကုန်တွင် ပြောင်းရွှေ့ကြေးယူရို ၃၆ သန်းဖြင့်အပြီးသတ်ခေါ်ယူနိုင်မည့် သဘောတူစာချုပ်ကိုပါ ထည့်သွင်းချုပ်ဆိုသွားမည် ဖြစ်သည်။ ချဲလ်ဆီးအသင်းသည် ဟီဂူအင်ကို သွင်းဂိုးနှင့်စွမ်းဆောင်မှုပေါ်မူတည်ပြီး အပိုဆုကြေးကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။

ချဲလ်ဆီးအသင်း ဘုတ်အဖွဲ့ကလည်း နည်းပြဆာရီရဲ့ဆန္ဒအရ ဟီဂူအင်ကို ခေါ်ယူပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည်အေစီမီလန်အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသောကြောင့် ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲအဖြစ် ဂျူပင်တပ်နှင့်ပွဲစဉ်တွင် အေစီမီလန်အသင်းနည်းပြ ဂတ်တူဆိုက ပွဲထွက်ခွင့်မပေးတော့တာဖြစ်ကြောင်း သိရသည်။

Source - Sky Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။